မင်းအောင်လှိုင်စစ်တပ် နေဝင်ချိန်ရောက်နေပြီလား

Local News

မင်းအောင်လှိုင်စစ်တပ် နေဝင်ချိန်ရောက်နေပြီလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်စစ်တပ် နေဝင်ချိန်ရောက်နေပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်မတော်အား အရည်အသွေးပြည့်ဝသည့်တပ်မတော် – Standard Army ကြီး တည်ဆောက်မည်ဟု ကြုံးဝါး ပြောဆိုပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ၂၀၁၀ ခုနှစ်တွင် ၄င်း၏ဆရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံက လက်ဆင့်ကမ်းရယူခဲ့သည်။

စစ်ကောင်စီတပ်သည် ၄င်းတပ်ချုပ်တာဝန်ယူပြီးနောက်ပိုင်း အပြင်ပန်းအမြင်အရ အတိုင်းအတာတခုထိ ကြီးမားလာသည်ဟု ယူဆရသော်လည်း တပ်အတွင်းပိုင်း လက်တွေ့တွင် တပ်တွင်းအကျင့်ပျက်ချစားမှုများ၊ ရာထူးအဆင့်ဆင့် အနိုင်ကျင့်ဖိနှိပ်မှုများရှိနေပြီး ယင်းအကျိုးဆက်အရ တပ်၏အကြီးတန်းစစ်အရာရှိများသည် တပ်တွင်းဆန့်ကျင်မှုမရှိစေရန် အမိန့်၊ စစ်စည်းကမ်းများကိုသာအားပြုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိန်းချုပ်နေရသည်။


တနည်းအားဖြင့် စစ်တပ်အကြီးအကဲများသည် တပ်ပြိုကွဲပျက်စီး မသွားစေရန် လက်ရှိကာလတွင် အပြင်းအထန် ကျားကန်ကြိုးပမ်းနေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရပ်သား NLD အစိုးရက မဲစာရင်းများလိမ်လည်သည်၊ မဲမသမာမှုလုပ်သည်ဟုဆိုကာ မင်းအောင်လှိုင် ဦးဆောင်သည့်စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည်။

စစ်အာဏာသိမ်းပြီးသည့်နောက် လပိုင်းမျှ ပစ်ခတ်thetဖြတ်ပြလျှင်ငြိမ်သက်သွားမည်ဟု ယူဆခဲ့သည့် စစ်ခေါင်းဆောင်များသည် မည့်သည့်အခါမျှ စဉ်းစားမထား၊ မျှော်လင့်မထားသည့် ပြည်သူ့ကာကွယ်ရေးတပ် – PDF များ၏ ဒေသအလိုက် ခုခံတော်လှန်စစ်များကို ရင်ဆိုင်ခဲ့ရသည်။


ယင်းကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် မူလကပင် စနစ်တကျဖြင့် ပျက်စီးနေသည့် စစ်ကောင်စီတပ်တွင်း၌ အမျိုးမျိုးသောအကြောင်းများဖြင့် မည်သည့်အခါမျှမကြုံဖူးသည့် ယိုယွင်းမှု၊ ယိုင်နဲ့မှုနှင့် အင်အားချည့်နဲ့မှုများ ပေါ်ပေါက်လာခဲ့သည်။

theyနတ်လွယ်ပြီး ရုံးတက်၊ theyနတ်လွယ်ပြီး ကားမောင်း
PDF အားကောင်းသည့်နေရာဒေသရှိတပ်ရင်းများတွင် နောက်တန်းတပ်ရင်းများရှိ ရုံးစာရေးများမှာ သေနတ်လွယ်၍ ရုံးတက်ကာ ကွန်ပျူတာများရိုက်နေရပြီး တပ် ရင်းလုံခြုံရေးအတွက် စစ်သည်မိန်းမများကို ကင်းစောင့်ခိုင်းနေရသည်။

“အရင်ကတော့ တပ်ကြပ်ကြီးစာရေး theyနတ်လွယ်ပြီး ရုံးတက်ရတာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ၊ အရမ်းကြမ်းတဲ့နေရာတွေလောက်မှာဘဲရှိတာ။ အခုကတော့ သိတဲ့အတိုင်းဘဲ PDF များတဲ့နေရာတွေများလာတော့ theyနတ်လည်းအချိန်ပြည့် ထုတ်ပေးထားတယ်၊ theyနတ်ကိုင်ပြီး ရုံးတက်ရတယ်။ အခြေအနေအရ လုံခြုံရေးထွက်ဆိုတန်းထွက်ရတဲ့အခြေအနေမျိုး ဘာလုပ်လုပ် Standby ပေါ့”ဟု PDF အားကောင်းသည့် မကွေးတိုင်း ယောဒေသအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးစာရေးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကားများ နေရာအနှံ့ mineဆွဲခံနေရသဖြင့် စစ်ကားမောင်းသည့် ယာဉ်မောင်းများနှင့် ထောက်ပို့တပ်မှ စစ်ကားမောင်းနှင်သည့်ယာဉ်မောင်းများကိုပါ theyနတ်ထုတ်ပေးထားပြီးဘယ်သွားသွား theyနတ်လွယ်၍ ကားမောင်းနေရသည်။

အဆိုပါ အခြေအနေသည် စစ်ကောင်စီတပ်အတွင်း မည်သည့်ကာလကမျှ မကြုံတွေ့ခဲ့ရဟု ထောက်ပို့တပ်မှ လုပ်သက်ရင့် စစ်သားများက ပြောသည်။

“အခြေအနေတွေ အသေးစိတ်တော့မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ကိုလည်း theyနတ်ထုတ်ပေး ထားတယ်။ အခုအခြေအနေအရ အဲ့တာမှလည်း တော်ကာကျတယ်။ ဒါပေမယ့် ကျနော့်ကားမောင်းသက်တလျှောက် အခုမှဒီလိုမောင်းဖူးတာ။ တခါမှ မကြုံဖူဘူး”ဟု မိတ္ထီလာမြို့ အခြေစိုက် ထောက်ပို့တပ်ရင်းတခု၏ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက တပ်တွင်းအခြေအနေကို ရှင်းပြသည်။


စစ်ကောင်စီတပ်များအနေဖြင့် နောက်တန်းတပ်ရင်း၌ မလုံခြုံမှု၊ ခရီးသွားလာရေးတွင် မလုံခြုံမှုများ ကြုံတွေ့နေသည့်အပြင် PDF များနှင့် KIA၊ KNU ကဲ့သို့ တိူင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ပျောက်ကြားစနစ်ဖြင့် ခုခံတိုက်ခိုက်မှုများကြောင့် ရှေ့တန်းထွက် တိုက်ခိုက်ရေးအင်အားမှာလည်း မလုံမလောက်အခြေအနေ ကြုံတွေ့နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။

စစ်လက်နက် ထုတ်လုပ်မှုတွေ ထက်ဝက်လျော့ကျနေ

စစ်ကောင်စီတပ်၏တိုက်ခိုက်ရေးတပ်အင်အား လုံလောက်မှုမရှိသဖြင့် ယခင်က ရှေ့တန်းထွက်ရလေ့မရှိသည့် စစ်လက်ရုံးတပ်များကို စစ်ဆင်ရေး စေလွှတ်နေပြီး မြို့နယ်အနှံ့ နယ်မြေစိုးမိုးနိုင်ရေးအတွက် လက်ကျန် လက်ရုံးတပ်၊ အထွေထွေတပ်အင်အား ရှိသမျှကို ထုတ်နှုတ်သုံးစွဲနေရကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ရုံးတပ်အင်အားအများအပြား ထုတ်နှုတ်သုံးစွဲနေရသဖြင့် မူလလက်ရုံးတပ်၏ တာဝန်များလစ်ဟာ၍ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ ယခင်ထက် ထက်ဝက်ခန့်လျော့ကျသွားကြောင်း လက်ရုံးတပ်တခုဖြစ်သည့် ကပစ တပ်တခု၏စစ်သားဟောင်းတဦးက ရှင်းပြသည်။


“အာဏာသိမ်းပြီးထဲက မြို့ပေါ်တွေနဲ့ တခြား ကင်းပုန်းဝပ်ဖို့လိုတဲ့နေရာတွေ၊ တခြားအင်အားလိုတဲ့မြို့တွေ၊ တိုင်း၊ ခရိုင်၊ နယ်ခြားလိုနေရာတွေမျိုးတွေကို အရာရွိ ၁ ဦး ဦးစီး အင်အား ၁၀ ဦး၊ ၁၅ ဦးအဖွဲ့တွေအများကြီးခွဲပြီး ပို့ရတယ်။ တချို့ဆို စဖြစ်ထဲက ပို့လိုက်တာ တနှစ်ကျော်ပြီ ပြန်မလာရတာ။ အဲ့တော့ ထုတ်လုပ်ရေးပိုင်းမှာ အင်အားနည်းကုန်တယ်။ အရင်က တပ်အလိုက် လက်နက်ခဲယမ်းထုတ်တာက ဘတ်ဂျက်လျာထားချက်နဲ့ ထုတ်ရတာ။ ဥပမာ ဒီဘတ်ဂျက်အတွက် ဒီ MA ကျည်ဆံထုတ်တဲ့ ကပစတပ်ကျည်ဆံ ၁ သန်း ထုတ်ရမယ်လို့ လျာထားရင် အဲ့ဒီပမာဏကို မီအောင်ထုတ်ပေးရတာ။ အခုကပြောရရင် အဲ့ဒီယန္တရားတွေကောင်းကောင်း မလည်ပတ်နိုင်တော့ဘူး”ဟု ၄င်းက ဆိုသည်။

စစ်ကောင်စီတပ်အတွင်း၌ စစ်ဆင်ရေးထွက်ခြင်းနှင့် လုံခြုံရေးယူခြင်းက ခြေလျင်တိုက်ခိုက်ရေးတပ်သားများအတွက် မထူးဆန်းသော်လည်း စစ်လက်ရုံးတပ်ဖွဲ့ဝင်များနှင့် နောက်တန်းရုံးစာရေးများ အတွက်တော့ ကြီးမားသည့်အခက်အခဲ ဖြစ်နေခဲ့သည်။

တပ်ထဲမှာ ဆေးခန်းရှိသော်လည်း ဆရာဝန်မရှိ
စစ်ကောင်စီတပ်ရင်းများ၏တပ်ရင်းဆေးခန်းများတွင်လည်း ဆေးခန်းထိုင်ကုသပေးမည့် စစ်ဆရာဝန်များ စစ်ဆင်ရေးထွက်နေရသဖြင့် မရှိသလောက်ဖြစ်နေပြီး စစ်ကောင်စီတပ်မိသားစုဝင်များအနေဖြင့် နီးစပ်ရာစစ်ဆေးရုံများသို့သာ ပြသနေရသည်။

စစ်ကောင်စီဆေးတပ် ဖွဲ့စည်းပုံအရ သာမာန်အားဖြင့် စစ်မြေပြင်ဆေးတပ်ရင်း(မဆရ)များမှ စစ်သူနာပြု (Brother)၊ တပ်ကြပ်ကြီး/ဆေးလက်ထောက် (Medical Assistance)နှင့်ဆေးတပ်သားအကူများကသာ စစ်ဆင်ရေးလိုက်ပါရသော်လည်း စစ်အာဏာသိမ်းပြီး လက်ရှိအခြေအနေများအရ တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ဆရာဝန်များ၊ ဆေးလက်ထောက်များပါ စစ်ဆင်ရေးထွက်နေရပြီး တပ်ရင်းများတွင် တကက/သားဖွားနှင့် ဆေးတပ်သား(အထွေထွေ) လောက်သာ ရှိတော့သည်။ အဆိုပါ သားဖွားများပင် တပ်ရင်းတိုင်းမရှိဟုလည်း သိရသည်။


စစ်ကောင်စီတပ်အနေဖြင့် PDF အင်အားကောင်းပြီး လမ်းပန်ဆက်သွယ်ရေးခက်ခဲသည့် ကုန်းတွင်းပိတ်မြို့များတွင် ၄င်းတို့၏အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ကုန်ကြောင်းဖြင့်အသုံးပြုရန်ခက်ခဲနေပြီး စားနပ်ရိက္ခာအတွက် ဈေးဝယ်ယူမှုမှစ၍ ၄င်းတို့၏ တပ်ဖွဲ့ဝင်များ အကြို/အပို့ကိစ္စရပ်များအပါအဝင် ၄င်းတို့၏မဖြစ်မနေပြုလုပ်ရမည့်ကိစ္စရပ်များအတွက် မြေပြင်လမ်းများကို စစ်ယာဉ်တန်းဖြင့် အသုံးမပြုရဲဘဲ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးနေရသည်။

စစ်အာဏာသိမ်းပြီးသည့်နောက် စစ်ကောင်စီက ၄င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ CDM ပြုလုပ်ထွက်ပြေးမည်ကိုစိုးရိမ်၍ စစ်ဆင်ရေး၊ လုံခြုံရေးစေလွှတ်သူနှင့် အခြားယာယီတာဝန်ရှိသူမှအပ ကျန်သူများအား တပ်ပြင်ထွက်ခွင့်လုံးဝမပေးဘဲ အကျယ်ချုပ်ပုံစံမျိုးထားရှိခဲ့ပြီး PDF အားကောင်းသည့်ဒေသများ၏ စစ်ကောင်စီတပ်ရင်းများမှာမူ တပ်ပြင်သို့ လုံးဝမထွက်ရဲသည့် အခြေအနေမျိုးဖြစ်နေသည်။


တပ်ထဲမှာ ပြေးဖို့ချောင်းနေသူက အများအပြား
အဆိုပါ အခြေအနေများအရ စစ်ကောင်စီတပ်တွင်း၌ တရားဝင် CDM မပြုလုပ်လိုသော်လည်း စစ်ကောင်စီတပ်ကိုစိတ်ပျက်၍ တပ်မှထွက်ပြေးစွန့်ခွာလိုသူ အများအပြားရှိနေသည်ဟု စစ်ကောင်စီတပ်သားများက ဧရာဝတီတိုင်းမ်ကို ပြောဆိုကြသည်။

“အခုက တပ်ထဲမှာ လစ်တာနဲ့ ထွက်ပြေးကြတာ အများကြီးရှိတယ်။ သတင်းတွေ မတက်ကြလို့သာ မသိကြတာ။ တပ်အရာရှိတွေကလည်း အဲလိုတပ်ပြေးတာတွေကိုအထက်ကသိရင် အရေးယူခံရမှာစိုးလို့ ဝိုင်းဖုံးထားတာ။ အခွင့်မသာလို့ ကျန်နေတဲ့လူတွေကလည်း ထွက်ပြေးဖို့ ချောင်းနေသူတွေအများကြီးမှ အများကြီးပဲ”ဟု ကော့သောင်းမြို့နယ်အတွင်းရှိ စစ်တပ်တစ်ခုမှ စစ်ကောင်စီတပ်သားတစ်ဦးက ပြောသည်။


ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ရှေ့တန်းမှပြန်ရောက်ရောက်ခြင်း ရှေ့တန်း ပြန်ပို့ခံရသဖြင့် ထွက်ပြေးသည်။

လေးကေ့ကော်တိုက်ပွဲကာလအတွင်း ကော့သောင်းမြို့၊ ခမောက် ကြီးအခြေစိုက် စကခ-၂၀ လက်အောက်ခံခြေမြန်တပ်ရင်း ၇ ခုမှ စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦး ကရင်ပြည်နယ်ကို ရှေ့တန်းမထွက်ချင်၍ထွက်ပြေးသည်။

မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ဘောလုံးအသင်းက တိုင်းလက်ရွေးစင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဘောလုံးသမားများကို ရှေ့ တန်းထည့်သဖြင့် ဘောလုံးသမား စစ်သား ၁၂ ဦး ထွက်ပြေးခဲ့သည်။

ယခုလအတွင်း အထင်ရှားဆုံးနှင့် ရာထူးအကြီးဆုံး စစ်တပ်ကို စွန့်ခွာလာသူကတော့ ကျောက်ကြီးမြို့အခြေစိုက် ခမရ ၃၅၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မျိုးမင်းထွန်းဖြစ်သည်။

အာဏာသိမ်းချိန် ကြာလာသည်နှင့်အမျှ မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်မှာ ဖိအားအမျိုးမျိုးနှင့် အကြပ်အတည်းအမျိုးမျိုး အဖက်ဖက်က ကြုံတွေ့နေပြီး စစ်တပ်ကို စိတ်ပျက်သဖြင့် တပ်သားအဆင့်မှ တပ်ရင်းမှူးအဆင့်အထိ တပ်ကိုစွန့်ခွာမှုတွေ ရင်ဆိုင်နေရသည်။


စစ်လက်ရုံးတပ်များက စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်အတွက် စစ်သည်အင်အားများ ခွဲပေးနေရသဖြင့် နောက်တန်းတွင်ကျန်ခဲ့သည့် စစ်လက်ရုံးတပ်ဖွဲ့ဝင်များမှာ ယခင်ထက် အလုပ် ၂ ဆပိုမိုလုပ်ဆောင်နေရ၍ စိတ်ပျက်နေကြသည်။

“ဆိုလိုတာက ရှိတဲ့လူတွေကိုနေရာတွေခွဲပြီး ပို့နေရတော့ ပို့လိုက်တဲ့သူတွေအတွက် ကျန်ခဲ့တဲ့သူတွေက အဆိုင်းတွေပြန်ခွဲပြီး လူမရှိတော့ ၂ ဆ ပိုလုပ်နေရတယ်။ ကြာရင်သူတို့မလွယ်ဘူး”ဟု မကွေးတိုင်းရှိ ကပစတပ်တစ်ခုမှ တပ်မိသားစုဝင်တဦးက ပြောပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်အတွင်း လူအင်အားနည်းပါးနေ၍ ယနေ့ (မတ်လ ၂၇ ရက်) နေ့တွင် ပြုလုပ်ခဲ့သည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြတွင် မည်သည့်အခါမျှထည့်သွင်းခဲ့ခြင်းမရှိသည့် ရုံးစာရေး တပ်ကြပ်ကြီးစာရေးများကို စစ်ကောင်စီက ဝင်ရောက်လမ်းလျှောက်ခိုင်းပြီး စစ်ရေးပြစေခဲ့သည်။


“အခုစစ်ရေးပြတဲ့အထဲမှာ တပ်ကြပ်ကြီး/စာရေးတွေ အများအပြားထည့်ထားတယ်။ တိုင်းစစ် ဌာနချုပ်ကိုယ်စားပြု တပ်ခွဲတွေမှာအများအပြားပါတယ်။ စစ်တပ်မှာ တပ်ကြပ်ကြီး/စာရေးဆိုတာ အ ရာရှိထက်တောင် အရေအတွက်နည်းတယ်။ တပ်ရင်းတွေမှာလက်ချိုးရေလို့ ရတယ်။ အဲ့ဒီရုံးစာရေးတွေပါ ထည့်လျှောက်ခိုင်းတာက တပ်အင်အားဘယ် လောက်နည်းပါးနေတယ်ဆိုတာ သက်သေဘဲ”ဟု ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးစာရေးတဦးက ရှင်းပြသည်။

တပ်ထဲ ဝင်သူမရှိ၊ ထွက်သူများနေ
မင်းအောင်လှိုင်၏ စစ်ကောင်စီတပ် အဆိုးဝါးဆုံးရင်ဆိုင်နေရသည့် ပြဿနာက တပ်ထဲသို့ လူအဝင်၊အထွက် အင်အားမမျှသည့်ပြဿနာဖြစ်သည်။ စစ်ကောင်စီတပ်တွင်း ဝင်ရောက်သည့်ပမာဏနှင့် ထွက်သည့်ပမာဏက အရေအတွက် အဆမတန် ကွာခြားနေသည်။

နဂိုကပင် ပြည်သူလူထုက အမြင်မကြည်လင်သည့်ကြားက အာဏာသိမ်းလိုက်သည့်နောက် စစ်တပ်သည် ပြည်သူလူထုနှင့် အဝေးဆုံးသို့ ရောက်ရှိသွားသည်။

ပြည်သူ့လစာစားပြီး စစ်တပ်က ပြည်သူအပေါ လူမဆန်ဘဲ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သည့်နောက်မှာတော့ ပြည်သူက မြန်မာ့တပ်မတော်ကို နာကျည်း မုန်းတီးရွံရှာသည့်အခြေအနေသို့ ရောက်ရှိသွားပြီး စစ်ကောင်စီတပ်ထဲသို့ ဝင်မည့်သူ မရှိသလောက်ဖြစ်သွားသည်။


စစ်ကောင်စီတပ်သည် ၄င်းတို့၏ ကြည်း၊ ရေ၊ လေတပ်များထဲကို ဝင်လိုဝင်ငြား ယခင်သတ်မှတ်ချက် ပညာအရည်အချင်းတွေကို လျှော့ချခဲ့သည်။ နယ်လှည့် တပ်သားသစ်စုနေသူများသည် ငွေကြေးကို သိန်းဆယ်နှင့်ချီသုံးပြီး ရဲဘော်သစ် လိုက်ရှာသည်။ ဝင်မည့်သူမရှိ။ အောက်ခြေရဲဘော်များအပြင် စစ်ကောင်စီတပ်၏အရာရှိသင်တန်းများကိုလည်း လျှောက် ထားသူအဆမတန်နည်းပါးသွားသည်။

“အရင်ကတည်းက တပ်ထဲဝင်မယ့်လူမရှိလို့ လူဆိုး၊ သူခိုး၊ ဂျလေဘီတွေကို လိုက်စုနေရတာ အခုလို အာဏာသိမ်းပြီး အကြမ်းဖက်နေတဲ့အခြေအနေမှာ မင်းအောင်လှိုင် တပ်ထဲကို ဘယ်ပြည်သူမှ မဝင်တာလည်း အဆန်းမဟုတ်ပါဘူး”ဟု ဧရာဝတီတိုင်းမှ တပ်မတော်သားဟောင်းတစ်ဦးက သူ၏အမြင်ကို ပြောပြသည်။

တပ်ထဲဝင်မယ့်သူ မရှိသလောက် နည်းပါးနေချိန်တွင် တဘက်မှာတော့ စစ်ကောင်စီတပ်တွင်း ပြုန်းတီးအင်အားသည် နေ့စဥ်နှင့်အမျှ မြင့်တက်နေသည်။


“စစ်တပ်မှာ အဝင်အထွက် မမျှတော့တာကတော့ အမှန်ပဲ။ အခုလိုအခြေအနေမှာ အင်အားအသစ် တိုးဖို့ဆိုတာ စစ်တပ်အနေနဲ့ တကယ်မလွယ်တဲ့ကိစ္စပါ။ ဒီကြားထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထိခိုက်ကျဆုံးနဲ့ ထွက်ပြေး ပြုန်းတီးတွေ၊ နောက်ပြီး သက်ပြည့်ပင်စင်အနားယူမှုတွေကြောင့် စစ်တပ်ရဲ့အင်အားက တစထက်တစ ယုတ်လျော့လာနေတယ်။ ဒါတွေက စစ်တပ်အနေနဲ့ လက်ရှိကြုံနေရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုဆိုပေမယ့် ဒီထက်ကြီးမားတဲ့ Pressure (ဖိအား) တစ်ခုခုကို ထပ်မပေးနိုင်မချင်း စစ်တပ်က ဒါကိုတောင့်ခံနေမှာပါ”ဟု ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး ခန့်ကို(Captain Zero)က ပြောဆိုသည်။

တပ်တွင်းအခြေအနေအရပ်ရပ်၌ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် စစ်တပ်ပြိုလဲမသွားစေရန် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ ကျားကန်ထိမ်းသိမ်းနေရသည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောဆိုကြသည်။

မည်သည့်အချိန်အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင့်ခံနိုင်မည်လဲဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။