ပန်းတနော်မြို့မှာ ကြံ့ခိုင်ရေးပါတီဝင်များက မူးရူးပြီး ဘောက်ဖွင့်က ကခုန်နေတာကြောင့် စာမေးပွဲဖြေဆိုသည့် ကလေးများ စိတ်အနှောက်အယှက်ဖြစ်နေရ

Local News

ပန်းတနော်မြို့မှာ ကြံ့ခိုင်ရေးပါတီဝင်များက မူးရူးပြီး ဘောက်ဖွင့်က ကခုန်နေတာကြောင့် စာမေးပွဲဖြေဆိုသည့် ကလေးများ စိတ်အနှောက်အယှက်ဖြစ်နေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပန်းတနော်မြို့မှာ ကြံ့ခိုင်ရေးပါတီဝင်များက မူးရူးပြီး ဘောက်ဖွင့်က ကခုန်နေတာကြောင့် စာမေးပွဲဖြေဆိုသည့် ကလေးများ စိတ်အနှောက်အယှက်ဖြစ်နေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုချိန် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ပါတီ ထောက်ခံသူတွေက နေ့စဉ်ဆိုသလို မူးရူးပြီး ဘောက်ဖွင့်က ကခုန်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကြုံတိုင်းနဲ့ မိုးကုတ်ကျေးရွာအုပ်စုတွေမှာ ဆောင်းဘောက်အကြီးတွေနဲ့ နေရောညပါ ဖွင့်နေတာကြောင့် သက်ကြီးရွယ်အိုးများအတွက်ရော စာမေးပွဲဖြေဆိုနေတဲ့ကလေးများအတွက်ပါ ကျန်းမာရေးအရရော စိတ်ပိုင်း ဆိုင်ရာပါ အနှောက်အယှက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


“ အရပ်သားအစိုးရလက်ထက်မှာ ဒါမျိုးမရှိဘူး ကလေးကို စစ်ကောင်စီပညာရေးကျောင်းမှာ မထားချင်ပါဘူး ဒါပေမယ့် ရွာတွေမှာ အလုပ်မရှိတော့ဘူး မြို့ပေါ်မှာဆိုလည်း ၁၀ တန်းအောင်မှ အလုပ်ရတာ အဲ့တာကြောင့် ထားရတာ ခုက စာမေးပွဲဖြေတဲ့ကာလမှာပါ ဘောက်ပွဲအသံကျယ်ကြီးဖွင့်ပြီး မူးရူးနေကြတာ ကျန်တဲ့အချိန် ဖွင့်တာက လက်ခံလို့ရတယ် အခုဟာက လွန်လွန်ပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။


ဆောင်းဘောက်များ ဉပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် နေ့စဉ်းဖွင့်နေတာကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ နှလုံးရောဂါအခံရှိသူများ တခါတရံ အထိတ်အလန့်ဖြစ်ပြီး ဆေးရုံဆေးခန်းပို့ရတာ မျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

၁၀ တန်းစာမေးပွဲဖြေဆိုချိန် ဆောင်းဘောက်အသံကျယ်ကြီးဖွင့်ပြီး မူးရူးကနေတာနဲ့ပတ်သက်ပြီး ရွာသားတွေ စုပေါင်းလက်မှတ်ထိုးတိုင်ကြားခဲ့ပေမယ့် အရေးယူတာမျိုးတော့ ခုချိန်ထိရှိမလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီကအရေးယူမှုမရှိတာကြောင့် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ထောက်ခံသူတွေက တနေ့တခြားပိုပို ဆိုးလာပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတယ်လို့ ဆိုပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။