ရာခိုင်နှုန်းဖြင့် ငွေလဲလှယ်သူများအား အသွင်ယူဖမ်းပြီ

Local News

ရာခိုင်နှုန်းဖြင့် ငွေလဲလှယ်သူများအား အသွင်ယူဖမ်းပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရာခိုင်နှုန်းဖြင့် ငွေလဲလှယ်သူများအား အသွင်ယူဖမ်းပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိုင်းပေါ်မှာ KBZ Pay & Wave Pay စတာတွေရာခိုင်နှုန်းယူပြီးလဲစားနေသူများ ဗဟိုဘဏ်ဥပဒေပုဒ်မ ငွေကြေးမတည်မငြိမ်လှုပ်စေမှု့ဆိုတဲ့ပုဒ်မနဲ့ အသွင်ယူပြီးစဖမ်းနေပြီ။

ညနေကမန်းလေးမှာလေးဦး ရန်ကုန်စမ်းချောင်းမှာတစ်ဦး တာမွေ ၂ဦး တောင်ဥက္ကလာ တစ်ဦး ဗိုလ်တစ်ထောင်တစ်ဦး ၇ဦးလောက် နေအိမ်တွေထိစစ်သားအရပ်ဝတ်တွေနဲ့ ရဲ နဲ့ပေါင်းပြီးဝင်ဖမ်းတာပါ။

လူရော ဘဏ်စာအုပ်တွေရော ငွေသားတွေရော ဖုန်းတွေKpayအကောက်တွေရောအကုန်သိမ်းဆည်းယူသွားပါတယ်။ သတိထားလို့ရအောင်ပါ ။

စစ်ဗိုလ်အရာရှိတွေ CIDအငြိမ်စားအရာရှိတွေ စကစဝန်ထမ်းတွေနဲ့ပေါင်းပြီး % နဲ့လုပ်စားနေတဲ့ ဘဏ်မန်နေဂျာတွေတော့လွတ်နေပါတယ်ဘာသံမှမကြားရသေးပါဘူး။

ရေးသားသူ – ရဲခေါင်မြင့်အောင် ( Kamayut Midea )

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။