မိုးသက်​လေပြင်း​ကြောင့် စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ PDFရဲ​ဘော်များလွတ်​မြောက်

Local News

မိုးသက်​လေပြင်း​ကြောင့် စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ PDFရဲ​ဘော်များလွတ်​မြောက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြည်သူတွေအချင်းချင်းကြားမှာ ညီညွတ်ဖို့ ပြောလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရွာငံမြို့နယ်မှ PDFစခန်းတစ်ခုကို စစ်ကောင်စီတပ်ကယ​နေ့ လေကြောင်းမှတိုက်ခိုက်ရန် လာနေစဥ် မိုးနှင့်လေပြင်းရုတ်တရက်တိုက်ခတ်လာ၍ စစ်ကောင်စီ၏ တိုက်လေယာဥ်များပြန်လှည့်သွားရပြီးနောက် PDFရဲဘော်များအားလုံး ဘေးကင်းရာသို့ ရွှေပြောင်းနိုင်ခဲ့သည်။


ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြောရှိ ပြည်သူ့ကွယ်ရေးအဖွဲ့၏ စခန်းတစ်ခုကိုယနေ့(ဧပြီ ၂၀ရက်) နံနက်ကစတင်ကာ ခြေလျင်စစ်ကြောင်းရော၊ လေကြောင်းမှပါ တိုက်ခိုက်သိမ်းယူရန် စစ်ကောင်စီက ကြိုးစားခဲ့ခြင်းဖြစ်သည်။


“ခြေလျင်စစ်ကြောင်းကို ပြန်တိုက်ဖို့ အသင့်ပဲ။ ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ဖို့ စစ်ခွေးတွေက လုပ်လာတာ။ တိုက်လေယာဥ်သုံးစင်း တောင်ကြားဖက်ကို ပျံသွားတော့ စိတ်ပူနေကြတာ။ အဲ့ဒီအချိန် မုန်တိုင်းတိုက်တော့မယ့် ပုံစံမျိုးကြီး မိုးနဲ့လေ ကျတာ။ မိုးသီးတွေပါ ကြွေတယ်။ စစ်ခွေး လေယာဥ်တွေ ပြန်ပြေးရတာ” ဟု ရွာငံဒေသခံတစ်ဦးကပြောသည်။
နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြောရှိ ပြည်သူ့ကွယ်ရေးအဖွဲ့၏ စခန်းကို စစ်ကောင်စီက ဧပြီ ၁၈ရက်ကတည်းက စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ယနေ့တွင် လေကြောင်းမှပါတိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။


“တိုက်လေယာဥ်တွေ တက်လာတော့ ကလေးတွေဘေးကင်းစေဖို့ တောစောင့်နတ်၊တောင်စောင့်နတ်တွေကိုတိုင်တည်ပြီး တစ်နယ်လုံးက ဆုတောင်းနေကြတာ။မိုးတွေလေတွေကျလာတော့ ဝမ်းသာလို့ ငိုတောင်ငိုမိတယ်။ လေယာဥ်တွေ ပြန်လှည့်သွားမှ စိတ်သက်သာရာရတယ်”ဟု ရွာငံဒေသခံတစ်ဦးကလည်းပြောသည်။


ရွာငံဒေသကိုစစ်ကောင်စီကအင်းအားအများအပြားသုံးကာ ထိုးစစ်ဆင်နေ၍ လတ်တလောအခြေအရ ရှေ့တန်းစခန်းကို စွန့်ခွာခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။သို့​သော်စခန်းမှ ပြည်သူ့ကာကွယ်ရေး ရဲဘော်အားလုံး ဘေးလွတ်ရာနေရာသို့ ရောက်ရှိပြီဟုဆိုသည်။


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးအပါအဝင်လေးဦးသေဆုံးခဲ့သည်။ထို့ကြောင့် စစ်ကောင်စီက ပြည်သူကာကွယ်ရေးအဖွဲ့များအား အညိုးတကြီး လိုက်လံတိုက်ခိုက်နေခြင်းဟု ဒေသခံများကပြောသည်။
မြန်မာနိုင်ငံဒေသအနှံ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတော်လှန်စစ်အရှိန်မြင့်နေသကဲ့သို့ ဓနု
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း တိုက်ပွဲများ ပို ပြင်းထန်လာနိုင်၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေသည်ဟုရွာငံမြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးတွဲကြေကြာချက်ထုတ်ပြန်၍ပြည်သူများကို အကူအညီတောင်းခံထားသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။