လူအစားများတဲ့ ပဲသွေးက ပဲအစစ်နဲ့မလုပ်ဘဲ ဘာနဲ့လုပ်ထားတာလဲ

Health Knowledge

လူအစားများတဲ့ ပဲသွေးက ပဲအစစ်နဲ့မလုပ်ဘဲ ဘာနဲ့လုပ်ထားတာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူအစားများတဲ့ ပဲသွေးက ပဲအစစ်နဲ့မလုပ်ဘဲ ဘာနဲ့လုပ်ထားတာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပဲသွေး ကို ဘာနဲ့လုပ်တာလဲ သိချင်ပါသည်။ တကယ် တိရစ္ဆာန် သွေး နှင် လုပ်တာလားပဲနှင့်လုပ်တာလာမသိပဲစားကြတဲ့သူအများကြီးပါ။ အဖြေ အများဆုံးက တိရစ္ဆာန် သွေးပါ။ အနည်းစု ဖြေကြတာ ပဲနှင့်လုပ်တာပါ။ အဖြေက…

၁။ အမဲသွေးနဲ့လုပ်တာပါ။ သူတပါးစီးပွားကို ကျမအသေးစိတ်မပြောပြချင်ပါ။
ကျမ မလုပ်ဖူးပေမဲ့ သေချာမေးမြန်းဖူးပါတယ်။ သား that ရုံမှာ တချို့ရက် အလုပ်နားတဲ့နေ့မှာ ပဲသွေးမရပါဘူးတဲ့ အမဲသွေးပါ ညမရေ အမတို့က လုပ်တဲ့လူဆီကတိုက်ရိုက်ယူတယ်။ တနေ့ အတုံး၄ထောင်လောက်ရောင်းနေတဲ့ဆိုင်ပါ။

အမကတော့ပြောရောင်း​ပါတယ် အမဲသွေးနဲ့လုပ်ထားတာပါလို့။ အမဲမစားယင်ပဲသွေးမစားပါနဲ့ ဒီပြင်စားစရာတွေအများကြီးပါ။ သူကတော့ကျိန်းသေပေါက်အမဲသွေးနဲ့လုပ်တာပါ။ ဈေးသက်သာရင်ပဲနဲ့ဈေးကြီးရင် သွေးနဲ့လို့ထင်တယ်။ကြက်သွေးခဲအစစ်တော့ဝယ်ချက်ဖူးတယ်။

ဒီလို လှလှပပပျော့အိအိလေးမဟုတ်ဘူး။ အမဲသွေးကိုရေများများရယ် ဆေးတမျိုးရယ်နဲ့‌ရောပြီးခဲ‌အောင်လုပ်ထားတာပါ။ အမဲသွေးနဲ့လုပ်တာပါနော်။ ဆိုင်မှာရောင်းပါတယ်။ ဒါမယ့်ပြောရောင်းတာပါ အမဲသွေးလို့ပြောရောင်းပါတယ် ပဲသွေးလို့ပဲခေါ်ကြပါတယ်။ အဲကိစ္စက လိုင်းပေါ်မှာ အမြဲ မေးပဲသွေးလို့တာပြော တကယ်ကအမဲသွေးကျမပဲပင်ပေါက်ပဲပြားပဲသွေးရောင်းသူပါ။ ထပ်ခါထပ်ခါလဲရှင်းပြပီးပီ အမဲသွေး၊ကျွဲသွေးကိုလုပ်တာပါ ဘာပဲ၊ပဲကတ္တီပါ၊ပဲပိစပ်၊ပဲလွန်း၊တစ်ခုမှမပါပါဘူး။

တစ်ချို့နေရာတွေဆိုညစ်ပတ်တယ် နွားလည် hlee တဲ့ အောက်ကျုံးသွေးနဲ့လုပ်ကြတာပါ။ အမဲသားမစားရင်မစားပါနဲ့ပဲသွေးလို့ခေါပေမယ့်ပဲလုံးဝမပါဘူး။ ကြောက်စရာကောင်းပါတယ် ပဲသွေးလုပ်ဘို့ အရည်ထဲကို ဆေး ရည်နည်းနည်းလောင်းလိုက်တာနဲ့ တုန်နေအောင် ခဲလုနီးနီးဖြစ်သွားပါတယ်တဲ့။ ဘာဆေးတေလဲတော့ မသိဘူးတဲ့ အဲ့စက်ရုံလုပ်တဲ့ အလုပ်သမားတယောက်ပြောပြတာ။ ညစ်ပတ်တယ်တဲ့ စက်ရုံတေက။ အမဲသွေးနဲ့ရောလုပ်တာလို့သိတဲ့သူတစ်ယောက်ကပြောဘူးတယ် ဟုတ်တယ်အပြင်မှာဒီအတိုင်းထားကြည့်တာနောက်နေ့ဆိုနံ၊နှစ်ရက် သုံးရက်ကြာရင်ပုတ်စော်နံတယ်အမဲသွေးကို ဆေးရောပြီးလုပ်ကြတာပါ။မနက်အစောကြီး ကတည်းက နွား that ရုံတွေမှာ ကြိုချိတ်ထားပြီး ယူရပါတယ်ပြီးမှ ဆေးနဲ့ရောပြီး ရေနွေးနဲ့ ပုံစံထုတ်တာပါ။

လူတွေ မသိသေး တဲ့ ကြောက်စရာ‌ကောင်း တဲ့ ပဲသွေး ဆို တာ ဘာ လဲ သိအောင် ဒါလေး ဖတ်ကြည့်ပေးပါအုံးနော်…အုန်းနို့ခေါက်ဆွဲ ဆို ပဲသွေးလေးနဲ့မှ ကြိုက်တာပါဆို ဒါလေးဖတ်ကြည့်ပါ ပဲသွေးဟာ စားသင့်တဲ့ အစာ တစ်ခု လား ?

ပဲသွေး ဟု ဈေးထဲမှာရောင်းနေသော ပစ္စည်းများမှာ ပဲသွေးလဲမဟုတ်၊ ဘဲသွေးလဲမဟုတ်၊ အမဲသွေးသာ ဖြစ်ပါတယ်။ အများစုမှာ အမဲသွေးကို ဆားနဲ့ ရေနဲ့ရောပီး ပြုတ်..ပီးရင် ကြာရှည်ခံအောင် လူသေတွေမှာသုံးတဲ့ ဖော်မလင်ကို ထည့်ထားကြတာ ဖြစ် ပါ တယ်။

တ ချို့က that that လွတ်ဆိုပီး ပဲသွေးကို စားမိတတ်ကြသလို၊ အမဲသားမစားဘူးဆိုပြီးတော့လည်း ပဲသွေးကို စားမိတတ်ကြပါတယ်။ မုန့်ဟ င်းခါး အုန်းနို့ခေါက်ဆွဲများတွင်လဲ ထည့်စားတတ်ကြပါတယ်။ ပဲသွေးဟာ တကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုမဟုတ်ဘူးဆိုတာ သေချာပါတယ်။

FDA ကနေရှောင်တခင် လာရောက်စစ်ဆေးပြီး ဖော်မလင်ပါတဲ့ ပဲသွေးတွေကို ဖျက်စီးပစ်ခဲ့တဲ့ ပုံရိပ်လေးတွေပါ ဖော်ပြပေးလိုက် ပါတယ်။ အစားတစ်လုတ်အတွက်နဲ့ အန္တရာယ်မဖြစ်စေဖို့ ချင့်ချိန်နိုင်ကြ ပါစေ။ ကျမတို့အိမ်နားမှာ အရင်က လုပ်ကြတာ အမဲသွေးအပျစ်ကို နည်းနည်းခတ် ဆားနဲ့ရေနဲ့ရောပြီး ဆီသုတ်ထားတဲ့ပုံစံခွက်ထဲထည့် ၂မိနစ်လောက်ဆိုခဲရော အဲဒါကို ရေနွေးပွက်ပွက်ဆူထဲထည့် ပေါ်လာရင် ဆယ်ပြီးရေအေးထဲ ထည့် ပြန်ရောင်းတာပါ ပဲနဲ့ လုပ်တာ တခါမှမတွေ့ဘူးဘူး။

ကြာတော့ကြာပြီတခါ တော့ဖက်မိဖူးတယ် အမဲသွေးချည်းပဲလုပ်လို့မရဘူး သွေးသဘာဝက ခဲပြီးမာသွားတတ်တော့ မမာအောင်ပဲတမျိုးကိုကြိမ်ပြီးရောထည့်ရတယ်တဲ့ပဲချည်းပဲမဟုက်သလိုအမဲသွေးချည်းပဲလဲမဟုက်ပါဘူး
‘အရင်ကကျွန်မတို့ပျဉ်းမနားမြို့လေးမှာပဲသွေးဆိုတာမရှိခဲ့ဘူး။နေပြည်တော်ဖြစ်ခါစကဈေးသည်တချို့မှာပဲသွေးဆိုတာရောင်းလာကြတယ်။ပဲသွေးဆိုတော့ပဲနီကြားနဲ့လုပ်တယ်ပေါ့လေ။ကိုယ့်အတွေး။

မကြာခဏဆိုသလိုစားဖြစ်တယ်။ တနေ့တော့အမျိုးသားကရပ်ကွက်ထဲကအိမ်တအိမ်ကိုအလုပ်ကိစ္စနဲ့ရောက်တော့သူ့ကပ်ရက်အိမ်ကအညှီနံ့တွေနဲ့။ပုံးတွေဆိုတာယင်တွေတလောင်းလောင်းနဲ့။အာ့တာဘာတွေလဲဆို မေးတော့မှပဲသွေးလုပ်တာတဲ့။

ရသမျှသွေးပေါင်းစုံရောလုပ်တာတဲ့ ဈေးမှာဖြန့်တာတဲ့အဲ့ချိန်ထဲကလုံးဝမစားဖြစ်တော့တာအစစ်ဆိုရင်တော့ ပဲနဲ့ လုပ်ပီး တုတ်ထိုးဆိုင်အများစုက အမဲသွေးပါ
ပဲပင်ပေါကိပဲပြားဆိုင်က ဟာတွေက အမဲသွေးတွေပါ ငယ်ငယ်က ဘေးအိမိမှာ အမဲသွေးလုပ်တာပါ။ ကိုယ်တွေ့ မျက်စိနှလုံးနဲမြင်မှာကိုယ်ကတော့ စားပါတယ်။

၂။ ပဲသွေးလို့ ဆိုရအောင် ဘယ်ပဲကများ သွေးထွက်လို့တုန်း။ ပဲပိစပ် သို့မဟုတ် ပဲကတ္တီပါ။ တချို့ကလဲ ဘဲ သွေးနဲ့ လုပ်တယ် ပဲကတီနဲ့လုပ်တာဆို့အနံ့ ခံ ကြည့်မညှီးဘူးပဲနဲ့လုပ်တဲ့ထဲကိုအမဲသွေးလေးနဲနဲထည့်ရတယ်တဲ့ပဲက ထွက်တဲ့သွေး ဆိုတာ မရှိတာတော့ လူတိုင်းသိကြတာပေါ့။

ပဲသွေးလို့ခေါ်တာ အနီရောင်သွေးရောင်နဲ့တူလို့ တင်စားပြီးခေါ်ကြတာလေ ပဲအနီရောင်နဲ့ လုပ်တဲ့ ပဲပြားမို့လို့ ပဲသွေးလို့ခေါ်ကြတာမစားသင့်ဘူး ဆိုတာကတော့ ဖော်မလင်များလို့ဘဲပဲတမျိုးကထုတ်တယ်လို့လေ့လာဖူးပါတယ်, ဒါပေမယ့်အချို့က တာရှည်ခံမပုပ်မသိုးစေသော ဖော်မလင်တွေထည့်လုပ်ကြပါတယ်, စစ်ဆေးတွေ့ရှိနေသော်လည်း လုပ်ငန်းများဆက်လက်လည်ပတ်ထုတ်လုပ်နေဆဲပါ။

ဓါတုဗေဒဆိုဆေးပါဝင်မှုလည်းရှိပါတယ်, ပဲပြားကတော့ပါဝင်မှု ပဲသွေးထက်လျော့တယ်လို့သိရပါတယ်, ပဲပြားလည်းဖော်မလင်ပါတာတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့မှတ်တမ်းတွေရှိပါတယ်, ဒါပေမယ့်ရောင်းကောင်းဆဲထုတ်လုပ်ဆဲပါဘဲ
၁။ အ မဲ သွေး တော့ မ သိ ဘူး၊ ဝက် သွေး က တော့ ခပ် မာ မာ ခဲ ခဲ၊ ဒုတ် ထိုး ဆိုင် မှာ ရောင်း တာ မျိုး၊ ဒီ တုန် ချိ ချိ အ ပြား လေး တွေ နဲ့ မ တူ ဘူး။

၂။ ငယ် စဉ် က အိမ် နီး ချင်း အ ဒေါ် ကြီး လုပ် တဲ့ ကြက် သွေး ဘဲ သွေး ခဲ မြင် ဖူး တယ်၊ တစ် ကောင် လုံး မှ သွေး က နည်း နည်း ဘဲ ရ တာ

၃။ သက် that လွတ် သ မား တွေ ပဲ သွေး စား ကြ တာ တွေ့ ရ တယ်၊ ဒီ လောက် များ ပြား တဲ့ ပ မာ ဏ ထုတ် လုပ် ဖို့ ဆို ရင် ပေါ ပေါ ရ တဲ့ ပဲ နဲ့ ဖန် တီး မှ ဒီ ဈေး နဲ့ ရောင်း နိုင် မှာ ပါ။

၄။ အဲ့ တော့ ဖြစ် နိုင် တာ က ဒီ တုန် ချိ ချိ ပဲ သွေး သည် ပဲ ကို လုပ် တဲ့ ပဲ သွေး၊ ဘဲ သွေး အ စစ် နော် ဆို တဲ့ ဈေး ကြီး တာ တွေ က သွေး တော့ သွေး ဘဲ၊ ဒါ ပေ မယ့် များ များ ရ တဲ့ အ မဲ သွေး။

၅။ ခ န ခ န ဖတ် နေ ရ လို့ သုံး သပ် မိ သ လို ရေး တာ ပါ၊ အ မှန် တ ကယ် ထုတ် လုပ် သူ တစ် ဦး က ရှင်း လင်း ပေး တာ ပို သင့် တော် ပါ မယ်။

ပဲသွေးအစစ်လုပ်နည်း – ၁။ပဲလွန်း သို့မဟုတ် ပဲကတ္တီပါကိုမှုံနေအောင်ကြိတ်ပါ။ ၂။ပုန်းရည်ကြီးချက်သလိုပွက်ပွက်ဆူအောင်ကြိုပါ။ ၃။ပြီးလျှင်ခေတ္တအအေးခံပြီး၊ထိုဗန်းကိုအောက်မှ၊အေးအောင်ရေစိမ်ပါ။ ၄။အေးလောက်လျှင်၊ရေအေးထဲသို့ပြောင်းထည့်လိုက်ပါ။ရပါပြီ။

ပဲကတ္တီဘာနဲ့လုပ်တာပါ ခဲအောင်အမဲသွေးရောမှရတယ်လို့ အုန်းနို့ခေါက်ဆွဲရောင်းတဲ့အမ တစ်ယောက်ပြောဖူးလို့သိရပါတယ်။ ဓါးလေးနဲ့လှီးပီးနမ်းကြည့်
ပဲသွေးဆိုပဲနံ့ တခြားသွေးခဲဆိုရင်ညှီဟောက်ပီး တခါတလေပုတ်စော်တောင်နံတယ်။ ပဲသွေးကို ဘဲသွေးဆိုပြီးကြားကြတာပါဟယ်။ ပဲသွေးကိုပဲကတ္တီပါနဲ့လုပ်တာပါ မာတောင့်နေရင်အမဲသွေးရောတတ်တယ်။ အိအိစက်စက်လေးတွေကပဲသွေးစစ်တယ်။

ရေးသားသူ – လှဘုန်းလွင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။