ထီရိစစ်ကောင်စီစခန်းကို တိုက်ခိုက်စဉ် ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး thay ဆုံး၊ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ

Local News

ထီရိစစ်ကောင်စီစခန်းကို တိုက်ခိုက်စဉ် ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး thay ဆုံး၊ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထီရိစစ်ကောင်စီစခန်းကို တိုက်ခိုက်စဉ် ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး thay ဆုံး၊ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်များ တပ်စွဲထားရာ ဂိတ်စခန်းကို ယမန်နေ့ မေလ ၁၂ ရက် နံနက်အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ မှ ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး thay ဆုံးခဲ့ကာ အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ထံမှ သိရှိရသည်။

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းရှိ ထီရိစစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက် ၄ နာရီတွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မ ၅၅ မှ ဗိုလ်မှူးဟိန်းထက်ကိုကို အပါအဝင် ၁၅ ဦး thay ဆုံးခဲ့ပြီး စစ်သား ၂ ဦးနှင့် PNO ပအိုဝ်းပြည်သူ့စစ် ၃ ဦးကို အရှင်ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။

စခန်းသိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် အရှင်ဖမ်းမိသူ ၅ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း၊ ရှမ်း-ကရင်နီစစ်ရေးကော်မရှင်ထံအပ်နှံကာ ကောင်းမွန်စွာထားရှိပြီး စစ်ဆေးနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

အဆိုပါ ထီရိစခန်း ဝင်ရောက်တိုက်ခိုက်ခံနေရစဉ် နံနက် ၆ နာရီကျော်ခန့်တွင် မိုးဗြဲအင်းအနောက်ဘက်ခြမ်းရှိ ဖယ်ခုံမြို့အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ကြောင်း၊ နံနက် ၇ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ကူများကြောင့် ပြည်သူ ထိခိုက်မှုရှိ၊ မရှိကို မသိရှိရသေးပေ။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ MA အမျိုးအစား thay နတ် ၁၁ လက်အပါအဝင်၊ လက်နက်ကြီး ၃ လက်၊ လက်နက်ကြီးကျည်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်အများအပြားကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃၊ တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထီရိစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဖယ်ခုံ PDF ၂ ဦး မစိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။