အမေရိကန်နှင့် NUG တို့တွေ့ဆုံမှုနှင့် အမေရိကန်-အာဆီယံအစည်းအဝေး၏ထုတ်ပြန်ချက်အပေါ် အပြင်းအထန် ကန့်ကွက်လိုက်တဲ့ စစ်ကောင်စီ

Local News

အမေရိကန်နှင့် NUG တို့တွေ့ဆုံမှုနှင့် အမေရိကန်-အာဆီယံအစည်းအဝေး၏ထုတ်ပြန်ချက်အပေါ် အပြင်းအထန် ကန့်ကွက်လိုက်တဲ့ စစ်ကောင်စီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်နှင့် NUG တို့တွေ့ဆုံမှုနှင့် အမေရိကန်-အာဆီယံအစည်းအဝေး၏ထုတ်ပြန်ချက်အပေါ် အပြင်းအထန် ကန့်ကွက်လိုက်တဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့မှုများအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ယမန်နေ့ မေလ ၁၄ ရက်စွဲဖြင့် ထုတ် ပြန်သည်။
ထို့အပြင် အမေရိကန်နိုင်ငံ၊ဝါရှင်တန်တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့်အချက်များတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထက် ကျော်လွန်သောတောင်းဆိုမှုများပါဝင်နေ သည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်ကြောင်း ဖော် ပြသည်။


အမေရိကန်-အာဆီယံ အစည်းအဝေးထုတ်ပြန်ချက်မှ မြန်မာနိုင်ငံကို အထူးပြုထားသော အချက်တွင် အကြမ်း ဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် မည်သည့်နိုင်ငံရေး အကျဉ်းသားမဆို လွှတ်ပေးရန်၊ မြန်မာပြည်သူများ အရေးတကြီးလိုအပ်နေသော လူသားချင်းဆိုင်ရာ အကူအညီများကို ထိရောက်စွာ ပေးအပ်နိုင်ရန်၊ မြန်မာပြည်ငြိမ်းချမ်းရေးကို နှစ်ဆ တိုးကာ အာဆီယံသံတမန်၊ ကုလသမဂ္ဂသံတမန်တို့၏ ကြိုးပမ်းမှုကို အလေးထားကာ ပူးပေါင်းဆောင်ရွက်ရန်စသည့်အချက်များကို သဘောတူခဲ့ကြသည်။


အမေရိကန်-အာဆီယံအစည်းအဝေးမှ အဆိုပါထုတ်ပြန်ချက်စာပိုဒ်သည် နိုင်ငံတနိုင်ငံအထူးပြုလိုက်နာရန်ဖော်ပြထားပြီး အသုံးအနှုန်းများသည် နိုင်ငံတနိုင်ငံ၏ အချုပ် အခြာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ သမာသမတ်ကျသည့် ချဉ်းကပ်မှုမရှိခြင်းဟုဆိုကာ စစ်ကောင်စီက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။


”အခု ပြည်သူတွေအပေါ် ဘယ်သူတွေက အကြမ်း ဖက်နေလဲဆိုတာ ဒီလောက် ထင်ထင်ရှားရှား မြင်တွေ့ ကြား သိနေရတဲ့ကြားမှာ မျက်နှာပြောင်တိုက်ပြီးတော့ PDF တွေနဲ့ NUG တို့ကို သူတို့က အကြမ်းဖက်အဖွဲ့လို့ ပြောနေ၊ ဝါဒဖြန့်နေသေးတယ်။ သူတို့ဘယ်လောက်ပြောပြော ပြည်သူရော၊ နိုင်ငံတကာကပါ လက်ခံ၊ မခံက အသိသာကြီးပဲ။ အာဏာသိမ်းစစ်တပ်ဟာ တကယ့်ကို ရှက်တတ်မယ်ဆိုရင် သူတို့ကျူးလွန်ထားတာတွေအပေါ် သက်သာစေမယ့် လမ်းကြောင်းကို လျှောက်လှမ်းသင့်နေပြီ” ဟု ရန်ကုန်မြို့ခံတဦးက သုံးသပ်သည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။