လူအင်အားမလုံလောက်၍ ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ အသုံးပြုလာတဲ့ စစ်ကောင်စီ

Local News

လူအင်အားမလုံလောက်၍ ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ အသုံးပြုလာတဲ့ စစ်ကောင်စီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူအင်အားမလုံလောက်၍ ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ အသုံးပြုလာတဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ စတင်အသုံးပြုပြီး ကနီတွင် PDF စခန်းလာတိုက်သည့် အမျိုး သမီး စစ်သည်များပါသော စစ်ကြောင်း ထွက်ပြေးသွား၊ ယင်းမာပင် ၃ ရက်တာ တိုက်ပွဲ စစ်သား ၁၉ ဦး thay ဆုံး၊ မြိုင်တွင် စစ်သား ၄ ဦး thay ဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် မှန်ထောင်ဘုရားကုန်းတွင် ဒေသခံကာကွယ်ရေး PDF စခန်း တစ်ခုကို ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်တပ်က လာရောက် စီးနင်းခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ် စစ်ကြောင်းများ ထွက်ပြေးသွားကြောင်း အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် thay ဆုံးသူ ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အမျိုးသမီး စစ်သည် ၃၀ ခန့် ပါဝင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

“ဒီနေ့ ဒေသခံ PDF စခန်းတစ်ခုကို စစ်ခွေးတွေ မီးရှို့နေလို့ ကျွန်တော်တို့ကို စစ်ကူတောင်းလို့ ကျွန်တော်တို့ သွားထုတာ အဲ့ကောင်တွေ ခွေးပြေးဝက်ပြေး ပြေးသွားတယ် စစ်ခွေးတွေ စစ်ခွေးတွေက အင်အား ၈၀လောက် ရှိတယ်။ နောက်ပြီး အမျိုးသမီး စစ်သည် ၃၀ လောက်ပါတယ်”ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ထို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA၊ ဘာမထီ အဖွဲ့၊ KGF၊ အမေ့သား ကျားသုံးဖော်၊ မြို့နယ် ပကဖနှင့် မဟာမိတ် တပ်ပေါင်းစုများက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၁၃ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦး thay ဆုံးခဲ့ကြောင်း Yimarbin Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်ခန့်တွင် ကျွန်းတောကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တရော်ကျင်းကျေးရွာ အရှေ့တောင်ဘက် မြစ်တောင်အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Mandatory Credit: Photo by Hein Htet/EPA-EFE/Shutterstock (9478694b)
Myanmar female soldiers march during a parade commemorating the 73rd Armed Forces Day in Naypyitaw, Myanmar, 27 March 2018. The nation of Myanmar celebrates Armed Forces Day to mark the beginning of the Burmese military’s resistance to Japanese occupation in 1945.
Myanmar’s 73rd Armed Forces Day in Naypyitaw – 27 Mar 2018

တတိယ အကြိမ်တိုက်ခိုက်မှုသည် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၁၅ ရက်နေ့တွင် ရွာသာရွာ ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ပြီးနောက် ၅၁ လမ်းဆုံတွင် နယ်မြေရှင်းလင်းရန် ရောက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း အကြီးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို Yimarbin Local People’s Defence Force၊ Chindwin Galone Yarzar Guerrilla Force၊ Triple Two Task Force၊ Monywa True of force၊ Alpha Special Force၊ Salingyi Regional Force၊ Myauk Yamar People’s Force တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေတိုင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ နှင့် ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲ ၂နာရီ မိနစ် ၂၀ နာရီခန့်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကိုင်းတောမ ကမ္မလမ်းပေါ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သိရသည်။

ဓာတ်ပုံ- အကြမ်းဖက် အမျိုးသမီးစစ်သည်များ။ Photo – Reuters

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။