အင်္ဂပူမြို့နယ်တွင် လောင်းကစားဝိုင်းများဖွင့်ခွင့်ပေးပြီး စစ်ကောင်စီရန်ပုံငွေရှာနေ

Local News

အင်္ဂပူမြို့နယ်တွင် လောင်းကစားဝိုင်းများဖွင့်ခွင့်ပေးပြီး စစ်ကောင်စီရန်ပုံငွေရှာနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်္ဂပူမြို့နယ်တွင် လောင်းကစားဝိုင်းများဖွင့်ခွင့်ပေးပြီး စစ်ကောင်စီရန်ပုံငွေရှာနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက အရာရှိတွေက လောင်းကစားဝိုင်းတွေ ခွင့်ပြုကာ ရန်ပုံငွေရှာဖွေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အင်္ဂပူမြို့နယ်ထဲက စီပင်ကျေးရွာမှာ စစ်ကောင်စီက လောင်းကစားဝိုင်းတွေကို ၁ ပတ်ကို ၁၀ သိန်းယူကာ ပြုလုပ်ခွင့်ပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။


“ လောင်းကစားဝိုင်းတွေက ရွာဘက်တွေမှာ ပိုများတယ် ဘယ်လောက်ပေးရလဲတော့ မသိဘူး တရားဝင်ပုံစံမျိုး လုပ်နေတာတော့ ဟုတ်တယ် တချို့ရက်တွေဆို သူတို့ပါလာဆော့တာရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။


လောင်းကစားဝိုင်းမျိုးစုံကို တပတ် ၁၀ သိန်းယူပြီး ဖွင့်ခွင့်ပေးထားသလို မြို့ပေါ်မှာလည်း ၂ လုံး၊ ၃ လုံး ရောင်းချတဲ့ သူတွေကို လိုင်းကြေးတောင်းယူပြီး ရောင်းချခွင့်ပေးထားတယ်လို့ ဆိုပါတယ်။


ကျေးရွာဘက်မှာ ရန်ပုံငွေအတွက် ဖွင့်လှစ်ခွင့်ပေးထားတဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီတပ်သားတွေ ပျူစောထီးအဖွဲ့ဝင်တွေက ၅ ဦးလောက် အရပ်ဝတ်နဲ့လာပြီး စောင့်ကြပ်ပေးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကို ခုလိုမျိုးခွင့်ပြုပေးလို့ ကျေးရွာတွေဘက်မှာ ကျွဲ၊ နွားတွေအပျောက်များလာတယ်လို့ ဆိုပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။