အာဏာရူး မအလ တစ်ယောက် သမ္မတဖြစ်အောင် ဘယ်လိုအကြံထုတ်ပြီး ချီတက်နေလဲ

Local News

အာဏာရူး မအလ တစ်ယောက် သမ္မတဖြစ်အောင် ဘယ်လိုအကြံထုတ်ပြီး ချီတက်နေလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဏာရူး မအလ တစ်ယောက် သမ္မတဖြစ်အောင် ဘယ်လိုအကြံထုတ်ပြီး ချီတက်နေလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မအလ သွားနေတဲ့ လမ်းကြောင်းက ရွေးကောက်ပွဲတခု အမြန်ဆုံးကျင်းပပြီး သူ့ကိုယ်သူ သမ္မတ အဖြစ် တင်မြှောက်နိုင်ဖို့ဘဲ၊ ဒါကြောင့် မြို့နယ်အဆင့်ကို ခရိုင်အဖြစ် တိုးချဲ့တယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ ခရိုင် အရေအတွက် တိုးလာအောင် လုပ်မယ်။

နောက်တချက် တိုင်းရင်းသား တပ် တွေကို ခေါ်ညှိချင်တာက အခုဖြစ်နေတဲ့ တိုက် ပွဲ တွေကို ခဏလောက် ရပ်ထားပေးစေချင်လို့၊ လွတ်လပ်စွာ မဲပေးရွေးချယ်ခွင့်ရတဲ့ ရွေးကောက်ပွဲဆိုပြီး ပုံဖော်ချင်တာ၊ ဥပမာ ကရင်ပြည်နယ်မှာဆိုရင် မြို့ပေါ်နေရာတွေ၊ DKBA BGF PC တို့ စိုးမိုးထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မယ်၊ ကျန်တဲ့နေရာတွေမှာ နယ်မြေ မအေးချမ်းလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးကောက်ပွဲ မလုပ်ဘဲ ဖယ်ထားလိုက်မယ်။

မေးစရာရှိတာပေါ့၊ ရွေးကောက်ပွဲ ကျင်းပရင် ပြည်သူတွေက မဲပေးမှာ မဟုတ်ဖူး၊အဲ့ဒီတော့ အောင်မြင်ပါ့မလားဆိုပြီး၊ သူလူတွေနဲ့ သူဘဲ မဲထည့်ကြမှာ၊ဆိုလိုတာက မောင်ဖြူရဲ့ အိမ်ထောင်စုစာရင်းကို ကိုင်ပြီး မောင်ဖြူတို့အိမ်က မိသားစုဝင်တွေပါဆိုပြီး မဲထည့်ကြမှာ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုပေါ့ဗျာ၊ ကြိုတင်မဲတွေရော၊ ညဉ့်နက်မှ ရောက်လာတဲ့ မဲစာရင်းတွေနဲ့ ပြည်သူ ကိုးဆယ်ရာခိုင်နှုန်းကျော်က မဲ လာပေးကြပါတယ်ဆိုပြီး လုပ်လိုက်တာလေ။

ရွေးကောက်ပွဲ ကျင်းပပြီးပြီဆိုတာနဲ့ ဘယ်သူ သမ္မတ ဖြစ်လာမလဲဆိုတာ ဗေဒင် မေးစရာတောင် မလိုတော့ဖူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအရှေ့မှာလဲ ၂၀၂၀ က မဲစာရင်း မှားလို့၊ ရွေးကောက်ပွဲအသစ် ကျင်းပပေးတာဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့တို့ကိုယ်သူတို့ တရားဝင်ဖြစ်အောင်လုပ်ယူမှာ။

ဇောက် တပ် သူတို့ plan အတိုင်း သူတို့သွားနေတဲ့အချိန်မှာ ကျွန်တော်တို့က တလရကြီးက ဘယ်တော့မှ ပြီးမှာလဲဆိုပြီး စိတ် ဓာတ် တွေ ကျ၊အချင်းချင်း စိတ် ဝမ်း တွေ ကွဲ နေကြရင် သူတို့တွေရဲ့ plan အောင်မြင်သွားလိမ့်မယ်။

ရွေးကောက်ပွဲလုပ်ပြီးရင်ရော ဘယ်နိုင်ငံက အသိအမှတ်ပြုမှာလဲကွာဆိုပြီး မေးလာစရာရှိတယ်၊ သူတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတချို့က ကုလမှာ ဗီဒို သုံးစွဲခွင့်ရှိတဲ့နိုင်ငံတွေ၊ အဲ့အချိန်ကျရင် အာဆီယံဆိုတာကြီးကလဲ လေသံပြောင်းပြီး၊ ပဠိ ပက္ခ တွေ ငြိမ်းချမ်းဖို့အတွက် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုပါတယ်ဆိုပြီး ဖြစ်ချင်ဖြစ်သွားမှာ။

မေတ္တာရပ်ခံချင်တာကဗျာ အချိန်ရှိတုန်းလေး အာရုံစိုက်ပြီး တလရမှာ ပါဝင်ပေးကြပါ၊ ကလစ်နိုင်တဲ့သူက ကလစ်၊ ဂိမ်းဆော့နိုင်မယ့်သူက ဆော့။ လှူဒါန်းနိုင်တဲ့သူက လှူကြပါ။ ကျွန်တော်တို့ဖက်မှာ ကြိုးစားဖို့ အချိန် အများကြီး မရှိတော့ပါဖူးဆိုတာ ဂရုစိုက်ပေးကြပါ။ ရိုသေစွာဖြင့်…

ရေးသားသူ – Kyaw Thu Ya

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။