အရှင်ဆေကိန္ဒအား အကြမ်းဖက် အာဏာရူး မင်းအောင်လှိုင်အား အားပေး​အားမြှောက်မပြုလုပ်ရန် ဓမ္မဒူတမောင်မယ်များအဖွဲ့မှ တောင်းဆို

Local News Religion

အရှင်ဆေကိန္ဒအား အကြမ်းဖက် အာဏာရူး မင်းအောင်လှိုင်အား အားပေး​အားမြှောက်မပြုလုပ်ရန် ဓမ္မဒူတမောင်မယ်များအဖွဲ့မှ တောင်းဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရှင်ဆေကိန္ဒအား အကြမ်းဖက် အာဏာရူး မင်းအောင်လှိုင်အား အားပေး​အားမြှောက်မပြုလုပ်ရန် ဓမ္မဒူတမောင်မယ်များအဖွဲ့မှ တောင်းဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ မှာ စစ်အာဏာသိမ်းထားသော အခြေအနေတွင် ပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိဘဲ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အား အားပေးအားမြှောက်ပြုလုပ်ကာ တပူးပူးတတွဲတွဲ ပြုလုပ်နေပေသည်။

ယခုအခါတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ဓမ္မဒူတ မောင်မယ်များအဖွဲ့မှ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အား ထိုသို့အားပေးအားမြှောက်မပြုလုပ်ဘဲ ပြည်သူနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ဓမ္မဒူတ မောင်မယ်များအဖွဲ့ မှ ရေးသားသောစာကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။

ဖေဘုန်းဘုန်း ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ… တပည့်တော်တို့သည် ဆရာတော်၏ ဓမ္မဒူတ မောင်မယ်များဖြစ်ကြပါသည်။ မောင်မယ်များ ဖြစ်သည်နှင့် အညီ ဖေဘုန်းဘုန်း၏ သွန်သင်ဆုံးမမှုများကို အမြဲမပြတ် လိုက်နာရန်ကြိုးစား လျက်ရှိပါသည်။ တစ်ချိန်က ဓမ္မဒူတမောင်မယ် လုပ်ငန်းဆိုင်ရာတွင်လည်း နိုင်ငံရေးမရှုပ်ထွေး ရန် အရှင်ဘုရား ဆုံးမဖူးပါသည်။

ယခု ဖေဖော်ဝါရီလ ၂၀၂၁ခုနှစ်မှ စတင်ကာ အာဏာသိမ်း ခံရပြီးနောက်ပိုင်း သတ်ဖြတ်ခံရသော ပြည်သူများအတွင်း ဓမ္မဒူတ မောင်မယ် များလည်း အပါအဝင်ဖြစ်ခဲ့သည်။ ဖေဘုန်းဘုန်းသည် မင်္ဂလသုတ်ပါအတိုင်း မကောင်းသူနှင့် မပေါင်းသင်း ဘို့ ဆုံးမသော်လည်း အကြမ်းဖက် အာဏာရူး မင်းအောင်လှိုင် ၏ သွေးစွန်းလက်ထီးတော်တင်ပွဲ သို့သွားရောက်ပေးခဲ့ပါသည်။

ယခင် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် မန္တလေးဆည်ကျိုးရာတွင် ပြည်သူတွေကို စိုးရိမ်စိတ်ဖြင့် စေတနာ မေတ္တာရှေ့ထားက ညအချိန်ကိုယ်တော်တိုင် ကူညီခဲ့ပါသည်။ ယခုအခါတွင်လည်း သားတို့သမီးတို့ အားကိုးရတဲ့ လေးစားရတဲ့ ချစ်ခင်ရတဲ့ ဖေဘုန်းဘုန်း ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒအနေဖြင့် အကြမ်းဖက်စစ်တပ်မှ ပြည်သူတွေကိုသတ်ဖြတ်နေခြင်းအား နှုတ်ဆိတ်နေခြင်းမပြုဘဲ ပြည်သူလူထုအား ကယ်တင်ပေးပါရန် ရိုသေစွာဖြင့် လက်ဆယ်ဖြာမိုးလျှောက်ထားအပ်ပါသည် အရှင်ဘုရား။

ဖေဘုန်းဘုန်း ချစ်သော ဓမ္မဒူတမောင်မယ် သားသမီးများ

ရေးသားသူ – ဓမ္မဒူတမောင်မယ် သားသမီးများ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။