အကယ်ဒမီခန့်စည်သူက မွေးနေ့မှာရဟန်း(၁၀)ပါးနှင့် ရှင်သာမဏေ(၁၀၈)ပါး သာသနာ့ဘောင်သို့သွပ်သွင်းခဲ့

Local News

အကယ်ဒမီခန့်စည်သူက မွေးနေ့မှာရဟန်း(၁၀)ပါးနှင့် ရှင်သာမဏေ(၁၀၈)ပါး သာသနာ့ဘောင်သို့သွပ်သွင်းခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကယ်ဒမီခန့်စည်သူက မွေးနေ့မှာရဟန်း(၁၀)ပါးနှင့် ရှင်သာမဏေ(၁၀၈)ပါး သာသနာ့ဘောင်သို့သွပ်သွင်းခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကယ်ဒမီခန့်စည်သူက ၁၁-၆-၂၀၂၂ မှာ ကျရောက်သည့် မွေးနေ့အလှူအဖြစ်မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရားကြီးအား ညရုံတော်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊

ရဟန်းလောင်း(၁၀)ဦးနှင့် ရှင်သာမဏေလောင်း (၁၀၈)ဦးတို့အား ရဟန်းခံ၊ ရှင်ပြုပေးခြင်းနှင့် သိမ်ဆင်းလောင်းလှူခြင်း၊

ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင် သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့်ယောဂီသူတော်စင်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်တို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း – ပြည်မြန်မာ ၊ ဓာတ်ပုံ – Aye Zaw Moe

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။