ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် ATM စက်များမှ တန်းမစီရဘဲ ငွေသားထုတ်နိုင်ပြီ

Local News

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် ATM စက်များမှ တန်းမစီရဘဲ ငွေသားထုတ်နိုင်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် ATM စက်များမှ တန်းမစီရဘဲ ငွေသားထုတ်နိုင်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့ရှိ ATM များတွင် ယနေ့ဇွန်လ ၉ ရက်မှ စတင်ကာ ငွေသားထုတ်ယူနိုင်ပြီဖြစ် ကြောင်း KBZ ဘဏ်က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်မြို့နှင့် တောင်ကြီးမြို့ရှိ သတ်မှတ်ထားသော KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံး(၃) သိန်းကျပ် ထုတ်ယူနိုင်ကြောင်း KBZ ဘဏ်က ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ငွေသား ထုတ်ယူရာတွင် ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်ကြောင်း သိရသည်။

ငွေသား ထုတ်ယူရရှိနိုင်သည့် ATM စရင်းကို ထုတ်ပြန်ရာတွင် ရန်ကုန်မြို့အတွင်းရှိ ကမာရွတ် ဘဏ်(၁)၊ ဆူး လေဘုရားလမ်း ဘဏ်ခွဲ၊ ကျောက်မြောင်းဈေးဘဏ်ခွဲ၊ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊ လှည်းတန်းစင်တာ၊ Junction City တို့မှ ATM စက်များ အပါအဝင် နေရာ ၁၅ နေရာမှ ATM စက်များတွင် ငွေ သား ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ တံတားဦးလေဆိပ်၊ ဒိုင်းမွန်းပလာဇာ ၊ Capital Man dalay အပါအဝင် နေရာ ၁၀ ခုမှ ATM များတွင် ငွေသား ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ပေါ်ပြူလာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။