ဒေါ်အောင်ဆန်းစုကြည်ကို အမည်မသိနေရာတွင် အကျယ်ချုပ်ထားရာမှ နေပြည်တော်ထောင်ချုပ်သို့ ပြောင်းရွှေ့တော့မည်

Local News

ဒေါ်အောင်ဆန်းစုကြည်ကို အမည်မသိနေရာတွင် အကျယ်ချုပ်ထားရာမှ နေပြည်တော်ထောင်ချုပ်သို့ ပြောင်းရွှေ့တော့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမည်မသိနေရာတွင် အကျယ်ချုပ်ထားရာမှ နေပြည်တော်ထောင်ချုပ်သို့ ပြောင်းရွှေ့တော့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ချုပ်မှာ ပြောင်းရွှေ့စစ်ဆေးတော့မယ်

အကြမ်းဖ-က်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိစစ်ဆေးနေတဲ့ နေရာကနေ လာမယ့် ဇွန်လ ၂၃ ရက်နေ့ ရုံးချိန်းကနေစပြီး နေပြည်တော်အချုပ်ထောင် တရားရုံးကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

အဲလိုပြောင်းလိုက်ရင် ခရီးလမ်းက ပိုဝေးသွားနိုင်တော့ အန်တီကျန်းမာရေးအတွက်တော့ သိပ်မကောင်းနိုင်ဘူးလို့လည်း အဆိုပါ တရားရုံးနဲ့ နီးစပ်သူက သုံးသပ်ပါတယ်။

Myanmar leader Aung San Suu Kyi watches the vaccination of health workers at hospital Wednesday, Jan. 27, 2021, in Naypyitaw, Myanmar. Health workers in Myanmar on Wednesday became the country’s first people to get vaccinated against COVID-19, just five days after the first vaccine supply was delivered from India. (AP Photo/Aung Shine Oo)

နေပြည်တော်အချုပ်ထောင်က ဒက္ခိဏခရိုင်အတွင်းရှိပြီး အမြန်လမ်း မိုင်တိုင် ၂၀၀အနီးဝန်းကျင်မှာ ရှိနေတာပါ။ လက်ရှိအချိန်အထိ အမှုတွေကို ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝန်းထဲက သီးသန့်လုပ်ထားတဲ့ အထူးတရားရုံးမှာ စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။

အကြ-မ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့အချိန်အထိ ဘယ်မှာချုပ်နှောင်ထိမ်းသိမ်းထားတယ်ဆိုတာကို တိတိကျကျ ထုတ်ဖေါ်မပြောဆိုထားပါဘူး။

၂၀၁၉ ဝန်းကျင်လောက်မှာ အသစ်ဆောက်လုပ်ပြီးစီးခဲ့တဲ့ နေပြည်တော်အချုပ်ထောင် တရားရုံးမှာ မကြာမီရက်ပိုင်းအတွင်းက နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို အမိန့်ချထားဖူးပါတယ်။

ရေးသားသူ – DeltaNews

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။