ပွင့်ဖြူအတွက် လက်စားချေပေးခဲ့တဲ့ ခင်ဦးသားများ

Local News

ပွင့်ဖြူအတွက် လက်စားချေပေးခဲ့တဲ့ ခင်ဦးသားများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပွင့်ဖြူအတွက် လက်စားချေပေးခဲ့တဲ့ ခင်ဦးသားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
စစ်​ကောင်စီတပ်မှ စစ်သား၊ရဲနှင့် ပျူ​စောထီးတပ်ဖွဲ့ဝင်၁၄ဦး​သေဆုံးခဲ့​သောခင်ဦးတိုက်ပွဲတွင်Royal Tiger Gurrrilla Force -RTGFအဖွဲ့ က ဒရုန်းဖြင့်ပါဝင်တိုက်ခိုက်ခဲ့​သည်။
ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက်မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့ကလာ​သော စစ်ကောင်စီတပ်၊ရဲနှင့်ပျူ​စောထီးများကို PDFများကတိုက်ခိုက်ရာ ၁၄ ဦး​သေဆုံးခဲ့​သောတိုက်ပွဲတွင် RTGFအဖွဲ့မှ ဒရုန်းဖြင့်​ရော တပ်ဖွဲ့ဝင်များကိုယ်တိုင်​မြေပြင်တိုက်ပွဲတွင်ပါ ပါဝင်တိုက်ခိုက်ခဲ့​ကြောင်းအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။


တိုက်ပွဲဖြစ်​နေချိန်တွင် ဒရုန်းဖြင့် စစ်​ကောင်စီတပ် ကား​ဘေးသို့ဗုံချကာတိုက်ခိုက်နိုင်ခဲ့​ကြောင်းအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။ ကား​ပေါ်တွင်စစ်​ကောင်စီတပ်သား၊ရဲနှင့်ပျူ များမှာ အရပ်သားဝတ်စုံများဝတ်ဆင်ထားခြင်းဖြစ်​ကြောင်းလည်းသိရသည်။
ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် အဖွဲ့ကို ​ဒေသခံကာကွယ်​ရေးအဖွဲ့များပူး​ပေါင်းတိုက်ခိုက်မှု​ကြောင့် ၁၄ ဦး​သေဆုံးခဲ့ကြောင်းNarapati Local Guerrilla Revolution Force (NLGRF)ယနေ့ (ဇွန်လ ၂၂ရက်)မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သည်။


ခင်ဦးမြို့မှ ထွက်လာသောအဆိုပါကားကို N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ဘက်က ၁၄ဦးသေဆုံးခဲ့ရာ ၃ပွင့်နှင့်အရာရှိတစ်ဦးပါဝင်ကြောင်းဖော်ပြထားသည်။


NLGRF၏ ထုတ်ပြန်ချက်တွင် ကားတစ်စီးပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးနေသည့် စစ်ကောင်စီလက်ပါးစေတပ်ဖွဲ့ဝင်များ နှင့်ဒုရဲမှူးအဆင့်ရှိသူတစ်ဦး၏အဆောင်အယောင်တံဆိပ်များကိုဖော်ပြထားသည်။ ဒုရဲမှူး၏ ရင်ဘတ်တွင်ထိုး​သောအမည်တံဆိပ်တွင် စိုးထွဋ်ခိုင်ဟု​ရေးသားထားသည်ကို​တွေ့ရသည်။
ပြည်သူ့ရဲဘော်နှစ်ဦးကျည်ထိမှန်ခဲ့သော်လည်းမစိုးရိမ်ရကြောင်း NLGRFက အသိပေးသည်။


ထိုဖြစ်စဥ်နှင့်ပတ်သက်၍ NLGRFအဖွဲ့ တာဝန်ရှိသူက”ကားပေါ်ပါလာတဲ့ အရာရှိကတော့အနောက်ခန်းထဲမှာပဲ သေဆုံးခဲ့တာပါ။တိုက်ခိုက်ပြီးအနောက်ကနေစခတွေ စစ်ကူလာလို့အကုန်ပြန်ဆုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ထပ်ပြီး ထိုးစစ်ဆင်နိုင်ဖို့ရာပြည်သူတွေအနေနဲ့ ကူညီပေးဖို့ပြောချင်ပါတယ်။”ဟုပြောသည်။


ထိုအပြင် စစ်​ကောင်စီတပ်၊ရဲနှင့်ပျူ​များထံမှ ​MA2 နှင့် G3 အမျိုးအစား​သေနတ် ၁၁လက် သိမ်းဆည်းရမိခဲ့​ကြောင်းလည်း၎င်းကဆက်​ပြောသည်။
“ပြည်သူများ အားတင်းထားကြဖို့နဲ့ တော်လှန်ရေး ဆက်ပြီးအရှိန်မြှင့်သွားမှာဖြစ်တယ့်အတွက် စိတ်ဓာတ်မကျကြဖို့ပြောချင်ပါတယ်”ဟု Royal Tiger Gurrrilla Force
-RTGF မှတာဝန်ရှိသူက ပြောသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။