စစ်ကောင်စီမှ ၄င်းတို့အား ဆန္ဒပြစာတန်းချိတ်ဆွဲမည်စိုးသဖြင့် ရန်ကုန်တမြို့လုံးရှိ လူကူးဂုံးကျော်တံတားများကို ဖြတ်သန်းခွင့်ပိတ်လိုက်ပြီ

Local News

စစ်ကောင်စီမှ ၄င်းတို့အား ဆန္ဒပြစာတန်းချိတ်ဆွဲမည်စိုးသဖြင့် ရန်ကုန်တမြို့လုံးရှိ လူကူးဂုံးကျော်တံတားများကို ဖြတ်သန်းခွင့်ပိတ်လိုက်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီမှ ၄င်းတို့အား ဆန္ဒပြစာတန်းချိတ်ဆွဲမည်စိုးသဖြင့် ရန်ကုန်တမြို့လုံးရှိ လူကူးဂုံးကျော်တံတားများကို ဖြတ်သန်းခွင့်ပိတ်လိုက်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြို့ပြတော်လှန်လူငယ်များက စာတန်းများချိတ်ဆွဲ၍ ဆန္ဒပြခြင်းကို ကြောက်လန့်နေပါသည်။

အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောက်လုပ်ထားသည့် ရန်ကုန်မြို့ရှိ လူကူးဂုံးကျော်တံတားများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ အကြမ်းဖက်စကစ က ပိတ်ပင်ထားကြောင်း သိရပါသည်။

“အဓိက သူတို့ ရည်ရွယ်ချက်ကတော့ မြို့ပြက တော်လှန်လူငယ်တွေရဲ့ ဆန္ဒပြစာတန်းတွေ လာချိတ်တာကို ကြောက်နေလို့ပါပဲ၊ တက်ဖြုတ်ရင်လည်း သူတို့က ဗုံးလန့်သေးတယ်၊ အဘက်ဘက်ကကို သွေးပျက်နေကြတာ သိသာပါတယ်” ဟု ရန်ကုန်မြို့ခံတဦးက နွေဦးအသံသို့ ပြောသည်။

ပိတ်ပင်ထားသော လူကူးဂုံးကျော်တံတားများမှာ ရန်ကုန်မြို့ ဒဂုံ အထက (၁) ရှေ့က အလံပြဘုရားလမ်း လူကူးတံတား၊ အနော်ရထာလမ်းနှင့် ဘုရားလမ်းထောင့်ရှိ သိမ်ကြီးဈေး လူကူးတံတား၊ ပြည်လမ်း မဟာမြိုင်မှတ်တိုင် လူကူးတံတား၊ လှည်းတန်းလူကူးတံတား၊ ဒေါပုံ-ယမုံနာ လမ်းမရှိ လူကူးတံတားနှင့် ကမ္ဘာအေးမှတ်တိုင်ရှိလူကူးတံတား တို့ဖြစ်ကြသည်။

အဆိုပါ လူကူးဂုံးကျော်တံတားများ၏ အဝင်လှေကားထစ်များတွင် သံပန်းတံခါးပြုလုပ်၍ အခိုင်အမာ ပိတ်ဆို့ထားခြင်း၊ သော့ခတ်ခြင်း၊ သံဆူးကြိုးများနှင့် ကာရံထားခြင်းတို့အပြင် အချို့တံတားများ၌ လက်နက်လုံခြုံရေးအစောင့်များ ထားရှိပြီး ပိတ်ပင်တားမြစ်ထားသဖြင့် အများပြည်သူက ယာဉ်အများကြားမှ အန္တရာယ်ကြီးစွာ လမ်းဖြတ်ကူးနေကြရကြောင်း သိရပါသည်။

ရေးသားသူ – နွေသူရ ၊ RFA

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။