ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်မြို့မှ ပြည်သူ့ဘက်တော်သား ရဲတစ်ဦးအား စစ်ကောင်စီဖမ်းဆီး

Local News

ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်မြို့မှ ပြည်သူ့ဘက်တော်သား ရဲတစ်ဦးအား စစ်ကောင်စီဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်မြို့မှ ပြည်သူ့ဘက်တော်သား ရဲတစ်ဦးအား စစ်ကောင်စီဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဆုတောင်းပေးသည့် ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၁၉ ရက်တွင် ကျရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့တွင် ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ” ဟု ရေးသားခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

” ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးက စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့ရဲပါ။ ဇွန်လ ၁၉ ရက်နေ့က Ko Zin Oo ဆိုတဲ့ သူ့ရဲ့ Facebook အကောင့်မှာ “Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ” လို့တင်လိုက်ပြီး သိပ်မကြာဘူး။ သူတင်တဲ့ Post က ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်ချန်နယ်မှာ တက်လာတာတွေ့တယ်။ နောက်နေ့ ၂၀ ရက်နေ့မှာတော့ အဖမ်းခံလိုက်တယ်” ဟု ၎င်းကဆိုသည်။

ရဲတပ်ကြပ်ပြီးသန့်ဇင်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်များက ၎င်း၏ မိသားစုဝင်များကို ရဲလိုင်းခန်းမှ ဖယ်ခိုင်းလိုက်သည်ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ရဲတပ်ကြပ်ပြီးသန့်ဇင်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု သိရသည်။

ရေးသားသူ – ခေတ်သစ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။