အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီး သတိပေး

International News

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီး သတိပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီ ကို ဂျပန်ကာကွယ်ရေးဝန်ကြီး သတိပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို ဂျပန်ကာကွယ်ရေးဝန်ကြီး က ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မှာကျင်းပတဲ့ ဂျပန်နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အဲဒီလိုပြောလိုက်တာလို့ The Japan Times သတင်းဌာနကဖော်ပြပါတယ်။

မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးတက်မှု လုံးဝမရှိတာကို ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကိုစိုးရိမ်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး ကို ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာမြန်မာစစ်ကောင်စီကာကွယ်ရေးဝန်ကြီးကိုတက်ခွင့်မပြုဖို့ ကန့်ကွက်တာတွေရှိပေမယ့် လည်း တက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ – ဖေအောင်/People’s Spring

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။