အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘူးလို့ဆိုတဲ့ အာဆီယံ အထူးကိုယ်စားလှယ်

Local News

အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘူးလို့ဆိုတဲ့ အာဆီယံ အထူးကိုယ်စားလှယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘူးလို့ဆိုတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က မြန်မာနိုင်ငံကိုလာရောက်တဲ့ ဒုတိယအကြိမ် ခရီးစဉ်ရဲ့ရလဒ်တွေကို အသိပေးဖို့ သံတမန်တွေ၊ မီဒီယာတွေနဲ့ မနေ့ က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ပရတ်ခ်ဆိုခွန်ရဲ့ရှင်းလင်းပွဲက ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ မြန်မာနိုင်ငံကိုသွားရောက်တဲ့ ဒုတိယအကြိမ် ခရီးစဉ်နဲ့ပတ်သက်တဲ့ ဇူလိုင်လ ၄ ရက်ကထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ဘာမှမထူးပါဘူး။


ခရီးစဉ်အတွင်း တိုးတက်မှုအချို့ရှိခဲ့တယ်ဆိုတဲ့ ပရတ်ခ်ဆိုခွန်က သြဂုတ်လအစောပိုင်းမှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပါအဝင် အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာ စစ်ကောင်စီကို ချန်လှပ်ထားမယ့် အာဆီယံရဲ့မူဝါဒကို ဆက်ထိန်းမယ်လို့ ပြောပါတယ်။
“လက်ရှိအခြေအနေအရ အစည်းအဝေးကိုတက်ရောက်ဖို့ ဝဏ္ဏမောင်လွင်ကိုဖိတ်ကြားလို့ မရသေးပါဘူး။ မြန်မာနိုင်ငံမှာ တိုးတက်မှုမရှိသရွေ့ နိုင်ငံရေးကိုယ်စားမပြုသူကိုသာ အစည်းအဝေးကို တက်ရောက်ခွင့်ပြုမှာ ဖြစ် ပါတယ်” လို့ ပရတ်ခ်ဆိုခွန်က ဆိုပါတယ်။


မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကို ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ကျူး လွန်တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို ထပ်တလဲလဲ ပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးမှု၊ အစိုးရဝန်ထမ်းတွေ၊ ကျောင်းဆရာ/ဆရာမတွေ၊ စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရတာ PDF တွေကြောင့်လို့ မင်းအောင်လှိုင်က ပြောပါတယ်။


ဒလန်အချို့ သတ်ဖြတ်ခံရတာ မငြင်းနိုင်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေ ပြည်သူတွေ သန်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးရတာကိုတော့ မင်းအောင်လှိုင်က ရှင်းပြခြင်းမရှိပါဘူး။
တစ်ဦးနဲ့တစ်ဦး အကြမ်းဖက်လို့စွပ်စွဲနေတာ ငြိမ်းချမ်းတဲ့ ဘက်စုံပါဝင်တဲ့ ဆွေးနွေးမှုတစ်ခု ဖြစ်လာစေမှာ မဟုတ်ဖူးလို့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို ပြောခဲ့တယ်လို့ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် တရားရင်ဆိုင်နေရပြီး ကျန်း မာရေးအခြေအနေ အကြောင်းပြကာ စစ်ကောင်စီက တွေ့ခွင့်မပေးခဲ့ဖူးလို့ သူက ဆိုပါတယ်။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။