မြန်မာငွေသိန်းသုံးဆယ်ကျော်ရမယ့် အအိပ်ပြိုင်ပွဲ

Knowledge

မြန်မာငွေသိန်းသုံးဆယ်ကျော်ရမယ့် အအိပ်ပြိုင်ပွဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာငွေသိန်းသုံးဆယ်ကျော်ရမယ့် အအိပ်ပြိုင်ပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကဲ
အအိပ်မက်တဲ့ဘော်ဒါတွေအတွက်တော့ သတင်းကောင်းပဲနော်။

A judge watches as people sleep a siesta during the first Siesta Championship in Madrid.

မနေ့က လဲလျောင်းပြိုင်ပွဲအကြောင်း တင်တော့ ဝင်ပြိုင်ချင်တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့ မှာလည်း ထူးထူးခြားခြား ပြိုင်ပွဲတစ်ခုရှိတယ်။ အအိပ်ပြိုင်ပွဲတဲ့။ ဒီပြိုင်ပွဲမှာ အမြန်ဆုံး အိပ်နိုင်တဲ့သူက အနိုင်ရတယ်။ အနိုင်ရရင် ယူရို ၁၀၀၀ ပေးတယ်။ (ခေါင်းချတာနဲ့ အိပ်ပျော်တယ်ဆိုသူတွေ ပြိုင်ရမယ့်ပွဲပဲ)။

ဒါပေမဲ့ လူစည်ကားတဲ့ ဈေးဝယ်စင်တာထဲမှာ လုပ်တာဆိုတော့ အသံဗလံတွေ ဆူညံနေလို့ လွယ်လွယ်နဲ့တော့ အိပ်ပျော်မှာ မဟုတ်ဘူး။ တကယ်အိပ်ပျော်/မပျော်ဆိုတာကို အနည်းဆုံး မိနစ် ၂၀ ကြာ အိပ်ပျော်ရမယ်၊

လေ ရှူ/ထုတ်နှုန်း၊ အိပ်စက်တဲ့ ကိုယ်ဟန်အနေအထားကိုကြည့်ပြီး အကဲဖြတ်မှာပါ။ ပြိုင်ပွဲနာမည်ကတော့ National Siesta Championship ပါ။အအိပ်မက်သူတွေကိုခေါ်လိုက်တော့ဗျာ။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။