ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးခဲ့သူ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်စီးပွားရေးဝန်ကြီးအဖြစ်ခန့်အပ်

Local News

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးခဲ့သူ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်စီးပွားရေးဝန်ကြီးအဖြစ်ခန့်အပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးခဲ့သူ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်စီးပွားရေးဝန်ကြီးအဖြစ်ခန့်အပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ကို thay ဒဏ်အမိန့်ချ ၊ စီရင် thet ဖြတ်ခဲ့သူ အင်းစိန်ထောင် စစ်ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်စီးပွားရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင် ခန့်အပ်ထား

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ကို thau ဒဏ်အမိန့်ချမှတ်မှု နှင့် စီရင် thet ဖြတ်မှုတွင် ပါဝင်သူ၊ ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို thay ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သူ အင်းစိန်ထောင်စစ် ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို ရန်ကုန်တိုင်းအစိုးရစီးပွားရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင်ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးအဖြစ် မျိုးမြင့်အောင်ကို မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။ ယခင် ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း အောင်သန်းဦးမှာ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခံထားခဲ့ရာမှ ဝန်ကြီးအဖြစ် ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

“သူ့ကို ဝန်ကြီးခန့်တဲ့အချိန်က တပ်က လက်ရှိ ရာထူးကြီးနဲ့ဆိုတော့ သူ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး စောင့်ကြည့်နေခဲ့တာ။ ဒီစက်တင်ဘာလ ဒုတိယအပတ်လောက်မှာ သူ ဝန်ကြီးအဖြစ် ပွဲတွေမှာ မျက်နှာပြလာတာ။ မနေ့က ဗိုလ်တထောင်စေတီ လုံခြုံရေး မှန်ကာတဲ့ပွဲ၊ မြန်မာ့ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲတွေမှာ သူ့နာမည်နဲ့ ရုပ်နဲ့ ပါလာတော့မှ သူမှန်းသေချာတာ။ တပ်က အငြိမ်းစားယူလိုက်ပြီထင်တယ်။

စစ်ခုံရုံး တရားသူကြီးအဖြစ် သူ အမိန့်ချခဲ့တာ၊ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို thet ဖြတ်ရာမှာ ပါခဲ့လို့ ဝန်ကြီးခန့်ပြီး ဆုချတာလို့ ပြောလို့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို thay ဒဏ်ချမှတ်မှုနှင့် thet ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ကြောင်း ရန် ကုန်တိုင်း စစ်ဘက်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို thay ဒဏ်ချမှတ်ခဲ့ခြင်းနှင့် thay ဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး thay ဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင် ပတ်သက်နေကြောင်း သိရှိရသည်။

“ကိုမျိုးမြင့်အောင် ပါတာတော့ အတည်ပြုလို့ရတယ်။ အခြားအရာရှိတွေလည်းပါတယ်။ အဖွဲ့လိုက်ကြီး လုပ်ကြတာ။ thay ဒဏ်ပေးတာရော ၊ စီရင်တာရော။ ကြီးကြပ်ကွပ်ကဲတာက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးပဲ။ သူက တိုက်ရိုက် ကိုင်တာလို့ သိရတယ်။ ကိုမျိုးမြင့်အောင်ကတော့အ ခုနောက် ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာလိုလို ဟာတွေတော့ တောက် လျှောက်လုပ်နေတယ်။ ဘာသာရေးဘက်ကို ဇောင်းပေးနေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ရန်န်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၄ ကျောင်းဆင်းဖြစ်ပြီး စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိသော ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျလည်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်၀င်း တို့နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်ခဲ့သည်။

စစ်ဘက်တရားသူကြီးဘ၀ဖြင့် ကျူးလွန်ခဲ့သော ပြစ်မှုများ ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်ခဲ့သည်။ တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို‌ thay ဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်ခဲ့သည် ။

“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် thay ဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို thay ဒဏ် ချပစ်လိုက်တယ်။

ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

အကြောက်ကြီးပြီး အထက်ဖား အောက်ဖိသူ မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁ စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ thay ရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။ ” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဥ်းကျဥ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင် ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူ thay မှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။ မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်ကြောင်း၊ တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်း ရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင်သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို မတရား thet ဖြတ် ခဲ့သော သူများထဲမှ တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် တော် လှန်ရေး ဦးဆောင်သူနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို thay ဒဏ်ပေးပြီး မတရား thet ဖြတ်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ – ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ ဝန်ကြီးဖြစ်လာသည့် မျိုးမြင့်အောင်။
ရေးသားသူ – ခေတ်သစ်မီဒီယာ၊ ဧရာ၀တီသတင်းဌာနနှင့် တပ်သတင်းရင်းမြစ်များ။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။