လှိုင်သာယာရှိ နှစ် ၂၀ ကြာ ရေဥက္ကံဈေးဆိုင်တန်း မဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖျက်ဆီး

Local News

လှိုင်သာယာရှိ နှစ် ၂၀ ကြာ ရေဥက္ကံဈေးဆိုင်တန်း မဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖျက်ဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လှိုင်သာယာရှိ နှစ် ၂၀ ကြာ ရေဥက္ကံဈေးဆိုင်တန်း မဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကြည်သာဇော်နှင့် အုပ်ချုပ်ရေးမှူး ထွန်းနိုင် ​ငွေတောင်းယူပြီးနောက် ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ ရေဥက္ကံဈေးဆိုင်တန်း မဖျက်ရန် အတွက်ဟုဆိုကာ လာဘ်ငွေများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကြည်သာဇော်နှင့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်တို့က တောင်းယူထားပြီးနောက် ယနေ့တွင် ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖျက်ဆီးကြောင်း စျေးသည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဈေးဆိုင်ခန်းများကို ဘူဒိုဇာနှင့်ဖျက်ဆီးသွားကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရှိရသည်။ ဈေးဆိုင်တန်းက ၁၉ နှစ် ၊ နှစ် ၂၀ လောက် ရှိပြီ။ ဆိုင်ခန်းတွေ မဖျက်ရေးအတွက် စျေးသည်တွေဆီက ငွေတွေလည်း တောင်းထားတယ်။ တစ်ဆိုင်ကို တစ်သိန်းဆီ လာဘ်ထိုးထားရတယ်။

အဲဒါကို နံနက် ၂ နာရီကတည်းက အုပ် ချုပ်ရေးမှူး ထွန်းနိုင် တပည့်တွေက ဆဲဆိုးသောင်းကြမ်းပြီး ရမ်းကားနေတယ်။ ဈေးဆိုင်တန်းအကုန်ဖျက်သွားတယ် ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

 

ဈေးသည်များကို စျေးဆိုင်ခန်းများဖျက်မည်ဟု ကြိုတင်ပြောခဲ့သော်လည်း မဖျက်ရေးအတွက် ကျပ် တစ်သိန်းစီ ရယူထားပြီးကာမှ ယခုကဲ့သို့ ဆိုင်ခန်းများကို ဘူဒိုဇာနှင့် ထိုးဖျက်သွားခြင်းဖြစ်ကြောင်း ဈေးဆိုင် ဖျက်သိမ်းခံရသူများထံမှ သိရှိရသည်။

“သူတို့က ကျူးကျော်ဆိုပြီး အကြောင်းပြဖျက်တာ။ တကယ်က နှစ် ၂၀ လောက် ကြာနေပြီ နေကြတာ။ ကျူးကျော်တော့လည်းမဟုတ်ဘူး။ ဆိုင်ခန်းတွေက အခိုင်အမာတွေဆောက်ထားတာ။ ဆိုင်ရာ အဆင့်ဆင့်ကို ပေးကမ်းပြီး ဆောက်ခဲ့ကြတာပါ” ဟု စျေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

 

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။