အင်းစိန်ထောင် ထောင်ဝင်စာအဆောင်တွင် ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ထောင်ဝင်စာ အဆောင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတချို့ ကျည်ထိမှန်ခဲ့ thay ဆုံး

Local News

အင်းစိန်ထောင် ထောင်ဝင်စာအဆောင်တွင် ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ထောင်ဝင်စာ အဆောင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတချို့ ကျည်ထိမှန်ခဲ့ thay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်းစိန်ထောင် ထောင်ဝင်စာအဆောင်တွင် ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ထောင်ဝင်စာ အဆောင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတချို့ ကျည်ထိမှန်ခဲ့ thay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၉
အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာအဆောင်တွင် ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ထောင်ဝင်စာ အဆောင်ဘက်သို့ ကို ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတချို့ ကျည်ထိမှန်ခဲ့ thay ဆုံးမှုရှိဟု မျက်မြင်များပြောဆိုကြသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ပါဆယ်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်သည်နှင့် စစ်တပ်က အဆောင်ဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မျက်မြင်ကြုံခဲ့ရပြီး ဒဏ်ရာရရှိသူတစ်ဦးက ပြောသည်။

အင်းစိန်ထောင်၊ ပါဆယ်ဗုံးပေါက်ကွဲမှု ကို ကြုံတွေ့ရသူများ၏ အမြင်များကို ဖော်ပြလိုက်ပါသည်။ “အင်းစိန်မှာဗုံးပေါက်တာ၉ နာရီခွဲ။ စာအိတ် နဲဆေး ပေးရတဲ့ကောင်တာက စပေါက်တာ။ ဗုံးပေါက်ပြီးတော့ ဝရုန်းသုန်းကားနဲ့ပြေးကြတာ။ တချို့လည်း ဝင်တိုက်ခံရလို့ပစ်လဲသွားကြတယ်။ ကောင်တာရှေ့မှာ အရပ်ဝတ်ဘောင်းဘီတိုအဖြူနဲ့ ပြည်သူတယောက်လဲကျနေတယ်။ သွေးတွေနဲ့ ပြန်မထနိုင်ဘူး။

ကောင် တာအတွင်းဘက်မှာ ၃ ယောက်လောက်ထိသွားတယ်။ ထောင်ဝန်ထမ်းတွေလေ။ သူတို့ကောင်တာထဲ ပါဆယ်အထုပ်က စပေါက်တာ။ ဗုံးပေါက်ပြီးတော့ အဆောင်ထဲကို ၇ ချက်၊ ၈ ချက်လောက် လှမ်းပစ်တာ။ သူတို့ လှမ်းပစ်တဲ့အချိန်မှာလည်း အထဲမှာ ထိကုန်ကြတယ်” ဟု မျက် မြင်သက် thay တစ်ဦးက ပြောဆိုသည်။

 

 

အခြားထောင်ဝင်စာသွားတွေ့သည့် မျက်မြင်တစ်ဦးကလည်း “အင်းစိန် ထောင်ရှေ့ ဗုံးပေါက်တာမှာ စစ်ခွေးတွေ ရမ်းပစ်လို့ ပြည်သူ တစ်ဦး ထိသွားပြီး လဲကျသွားတယ်။ ပြန်မထနိုင်တော့ဘူး။ စစ်တပ်က ရမ်းပစ်တာမှာလည်း ထိတယ်။ ကျနော် တို့လည်း ပြန်လာခဲ့ရတာ။ ဒီဘက်လမ်းကနေ မြင်နေရတယ်” ဟု အခြားမျက်မြင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်တပ်ဘက်က သတင်းထုတ်ပြန်မှုအရ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်းများ အပါအဝင် လူ ၈ ဦး thay ဆုံးကြောင်း သိရှိရသည်။ အဆိုပါ အင်းစိန်ထောင်ပါဆယ်ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးပေ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။