တောင်ကိုရီးယားသို့ အထူးဖိတ်ကြားခံရသော NUG ဖက်ဒရယ် ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် ဂွမ် ဂျူးမြို့တော်ဝန် တွေ့ဆုံ

International News Local News

တောင်ကိုရီးယားသို့ အထူးဖိတ်ကြားခံရသော NUG ဖက်ဒရယ် ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် ဂွမ် ဂျူးမြို့တော်ဝန် တွေ့ဆုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ကိုရီးယားသို့ အထူးဖိတ်ကြားခံရသော NUG ဖက်ဒရယ် ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် ဂွမ် ဂျူးမြို့တော်ဝန် တွေ့ဆုံ၊ မြန်မာပြည်သူများဘက်မှ ရပ်တည်မည်ဟု မြို့တော်ဝန် ပြောဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၈
တောင်ကိုရီးယား သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အထူးဖိတ်ကြားခံရသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် ယနေ့ ဂွမ်ဂျူးမြို့တော်ဝန်နှင့် တွေ့ဆုံကြောင်း သိရှိရသည်။

 

ယနေ့ ကိုရီးယားဒေသ စံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၀ မိနစ် အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အထင်ကရ ဒီမိုကရေစီမြို့တော် ဖြစ်သည့် ဂွမ်ဂျူးမြို့၏ မြို့တော်ဝန် MR- KANG GI JUNG က NUG ဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကို တွေ့ဆုံခြင်းဖြစ်ပြီး ဂွမ်ဂျူးမြို့တော်ဝန်က တောင်ကိုရီးယား အစိုးရသာမက ကိုရီးယား ပြည်သူပြည်သားများအနေဖြင့် လက်ရှိ မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို သိရှိထားပါကြောင်း။

စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို စာနာနားလည်ပါကြောင်း၊NUG အစိုးရကိုလည်း မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံနေပါကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြသည့် မြန်မာပြည်သူပြည်သားများအား အစဉ်အားပေးနေမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်စေရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အစရှိသည့် ကတိစကားများ ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့်တကွ NUG အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အဖွဲ့သည် ဂွမ်ဂျူး မေ(၁၈)အောက်မေ့ဖွယ် ဖောင်ဒေးရှင်းရုံးပြတိုက်သို့ ဆက်လက်သွားရောက်ခဲ့ပါသည်။

NUGဝန်ကြီးနှင့်အဖွဲ့ကို ဂွမ်ဂျူးမေ ၁၈ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ MR-SUNSEOK WON နှင့် ရုံးအဖွဲ့တို့က နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂွမ်ဂျုး မေ ၁၈ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေး အတွက်အားပေးကူညီပေးခဲ့မှုများနှင့် ရှေ့ဆက် ကူညီထောက်ပံ့ပေးမည့် လုပ်ငန်းစဉ်များရှင်းပြကြောင်း၊ ကိုရီးယားနိုင်ငံ၏ အထင်ကရ ရုပ်သံသတင်းဌာနဖြစ်သည့် MBC သတင်းဌာနက NUG အစိုးရ၏ လက်ရှိလုပ်ဆောင်ချက်များနှင့် အနာ ဂတ် ရည်မှန်းချက်များဟူသည့် ခေါင်းစဉ်ဖြင့် တိုက်ရိုက် ရုပ်သံ အင် တာဗျူး ပြုလုပ်ခဲ့ကြောင်း၊ ဂွမ်ဂျူး သူရဲကောင်း ဗိမ္မာန်သို့ သွားရောက်ကာ ၁၉၈၀ ပြည့် မေ(၁၈)ဂွမ်ဂျူး အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည် သူရဲ ကောင်းများကို အမှတ်တရ ရည်စူးအလေးပြုပြီး မေတ္တာပို့ဆုတောင်းခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။