ဝက်လက်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး

Local News

ဝက်လက်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝက်လက်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆ ဖြစ်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရန် သွားစဉ် မိုင်း မတော်တဆဖြစ်ကာ ပေါက်ကွဲမှု​ ဖြစ်ပွားခဲ့ပြီး BLACK WOLF – ARMY တပ်ဖွဲ့မှ ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇနှင့် ရဲဘော်တီကောင်တို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ရဲဘော် တီကောင်သည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၄ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် တွင် မြင့်မြတ်စွာကျဆုံးပြီး ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇ သည် ပြင်းထန် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဥ် ည ၇ နာရီတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းဖြစ်ကြောင်း BLACK WOLD ARMY တပ်ဖွဲ့က ပြောသည်။

ဓာတ်ပုံ- BLACK WOLF – ARMY တပ်ဖွဲ့မှ ရဲဘော်တစ်ဦး။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။