အခွန်ငွေရအောင် ကောက်ဖို့နဲ့ အခွန်မဆောင်သူတွေကို အရေးယူဖို့ မင်းအောင်လှိုင်က စိုးထွဋ်ကို ခိုင်း၊ စိုးထွဋ်က ထွေ/အုပ်တွေကို ပြန်ခိုင်းပြီး အခွန်မကောက်နိုင်ရင် အရေးယူမယ်လို့ ဖိအားပေး

Local News

အခွန်ငွေရအောင် ကောက်ဖို့နဲ့ အခွန်မဆောင်သူတွေကို အရေးယူဖို့ မင်းအောင်လှိုင်က စိုးထွဋ်ကို ခိုင်း၊ စိုးထွဋ်က ထွေ/အုပ်တွေကို ပြန်ခိုင်းပြီး အခွန်မကောက်နိုင်ရင် အရေးယူမယ်လို့ ဖိအားပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခွန်ငွေရအောင် ကောက်ဖို့နဲ့ အခွန်မဆောင်သူတွေကို အရေးယူဖို့ မင်းအောင်လှိုင်က စိုးထွဋ်ကို ခိုင်း၊ စိုးထွဋ်က ထွေ/အုပ်တွေကို ပြန်ခိုင်းပြီး အခွန်မကောက်နိုင်ရင် အရေးယူမယ်လို့ ဖိအားပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၇
အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံမှာ အခွန်တွေမဆောင်သူများလွန်းတာကြောင့် အခွန်တွေရ အောင် ကောက်ဖို့ နဲ့ အခွန်မဆောင်သူတွေကို အရေးယူဖို့ သူ့ရဲ့ လက်ကိုင်တုတ် စိုးထွဋ်ကို ညွှန်ကြား ခိုင်းစေလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၆ လပတ်မှာ အခွန်ကောက်ခံမှုတွေ အပြည့်အ၀ ရရှိအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထာပြီး အခွန်ရရှိရေး တစ်စိုက်မတ်မတ်ကြပ်မတ်ဖို့၊ မဆောင်ရွက်နိုင်တဲ့ တိုင်း/ပြည်နယ် ထွေအုပ်တွေကို အတိုင်းအတာတစ်ခုအထိ အရေးယူဖို့၊ အခွန်မဆောင်တဲ့ အခွန် ထမ်း များကိုလည်း သတိပေးခြင်းထက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့၊ အခွန် ကောက်ခံတာနဲ့ပတ်သက်လို့ သတ်မှတ် ဘဏ္ဍာရေးနှစ်မှာ ရာနှုန်းပြည့် ကောက်ခံရရှိရေး အကြိမ်ကြိမ် ညွှန်ကြားထား ရှိပြီး ဖြစ်လို့ အလေးထားလိုက်နာဆောင်ရွက်ဖို့ စစ်ကောင်စီ အစည်းအဝေးမှာ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ ခိုင်းစေချက်အရ စိုးထွဋ်က တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ထွေ/အုပ်တွေကို အခွန်တွေ ရအောင်ကောက်ဖို့ ထပ်မံ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့မှာ မြို့ နယ်အဆင့်ထွေ/အုပ်တွေက ရပ်ကျေးတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အခွန်ကောက်ခံတာတွေ လုပ်ဖို့ အဆင့်ဆင့် ညွှန်ကြားနေတာလည်းဖြစ်ပါတယ်။
အခွန်မဆောင်သူတွေကို အမှုတွဲဖွင့်လှစ်ဖို့၊ အမည်ပျက်စာရင်းသွင်းဖို့ ၊ လိုင်စင်/ဂရန်တွေ ပိတ်သိမ်း ပယ်ဖျက်တာတွေအပြင် အဲဒီထက် ပြင်းထန်တဲ့ အရေးယူမှု ၊ ထောင်ချမှုတွေ လုပ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်လာနေတာလည်းဖြစ်ပါတယ်။

မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခွန်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ အမီ ရအောင် ကောက်ပေးရမယ်လို့ ညွှန်ကြားစာတွေမှာ ဖော်ပြထားပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။