ဖားကန့်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချ၍ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုများအတွက် ဝမ်းနည်းခြင်း မီးပိတ်သပိတ် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ည ၈ နာရီခွဲ ပြုလုပ်မည်

Local News

ဖားကန့်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချ၍ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုများအတွက် ဝမ်းနည်းခြင်း မီးပိတ်သပိတ် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ည ၈ နာရီခွဲ ပြုလုပ်မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖားကန့်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချ၍ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှု နှင့် နွေဦးတော်လှန်ရေး ကျဆုံးသူများအတွက် ဝမ်းနည်းခြင်း မီးပိတ်သပိတ် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ည ၈ နာရီခွဲ ပြုလုပ်မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှ KIO ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို စစ်တပ်က ဗုံးကျဲချတိုက်ခိုက်ခဲ့မှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရခြင်း ဝမ်းနည်းခြင်း မီးပိတ်သပိတ်ကို ယနေ့ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈နာရီ ခွဲမှ ည ၈နာရီမိနစ် ၄၀အထိ ၁၀မိနစ်ကြာ အိမ်၊ လမ်း၊ အဆောက်အဦးများတွင် လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်ထားပြီး အမှောင်ချထားခြင်းဖြင့် သပိတ်ပါဝင်ဆင်နွှဲကြရန် ပြည်သူများကို နှိုးဆော်ထားကြသည်။
မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနှင့် အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တစ်ပါတည်း ဖော်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းကြသည်။

မီးပိတ်အမှောင်ချသပိတ်သည် ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှုတွင် ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲခြင်းနှင့် ဂုဏ်ပြုဦးညွှတ်ခြင်း အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် တံတားဦးလေတပ်မှ တိုက်လေယာဉ် ၃ စီးက ဖားကန့်၊ အနန့်ပါကျေးရွာတွင် ပြုလုပ်သော KIO ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတပွဲကို ဗုံးကျဲချသဖြင့် ပြည်သူ ၈၀ ကျော် thay ဆုံးပြီး ရာဂဏန်းနီးပါး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။