စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုအပေါ် အနုတ်လက္ခဏာဆောင်ဟု PPST ထုတ်ပြန်၊ thay ဆုံးဒဏ်ရာရသူများအတွက် လွန်စွာဝမ်းနည်းဟု RCSS ပြော

Local News

စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုအပေါ် အနုတ်လက္ခဏာဆောင်ဟု PPST ထုတ်ပြန်၊ thay ဆုံးဒဏ်ရာရသူများအတွက် လွန်စွာဝမ်းနည်းဟု RCSS ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုအပေါ် အနုတ်လက္ခဏာဆောင်ဟု PPST ထုတ်ပြန်၊ thay ဆုံးဒဏ်ရာရသူများအတွက် လွန်စွာဝမ်းနည်းဟု RCSS ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၈
စစ်ကောင်စီ၏ လေကြောင်းမှ အင်အားအလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်မှုများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်စပြီး လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ပိုမိုဆိုးရွားစေမည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း PPST က ယနေ့ ထုတ်ပြန်သည်။

NCA စာချုပ် လက်မှတ်ထိုးထားသော အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရန် PPST ၏ နိုင်ငံရေးရည်မှန်းချက် ၇ ချက်နှင့် နိုင်ငံရေးလမ်းပြမြေပုံဆိုရာ အဆိုပြုချက် အဆင့် ၈ တို့ကို အခြေခံကာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် နိုင်ငံရေးပြဿနာများကို သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတကာနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ဦးဆောင်မှုအစီအစဉ် Women’s Leadership in Peace Process မှ ရေးဆွဲထားသည့် ဂျန်ဒါ/အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမဟာဗျူဟာကို working document အဖြစ် လက်ခံအတည်ပြုကြောင်း ထုတ်ပြန်ထားသည်။

ဒီပဲယင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းဖြစ်စဉ်နှင့် ဖားကန့်၊ အနန့်ပါကျေးရွာဖြစ်စဉ်တို့တွင် ပြည်သူများအသက်ဆုံးရှုံးခဲ့ရသည့်အတွက် များစွာ ဝမ်းနည်းသည်ဟု PPST က ထုတ်ပြန်သည်။
အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် thay ဆုံး ဒဏ်ရာရသသူများအားလုံးအတွက် လွန်စွာဝမ်းနည်းမိကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။