တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကော့ကရိတ်မြို့သို့ lat nat ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး thay ဆုံးပြီး ၅ ဦး ဒဏ်ရာရ

Local News

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကော့ကရိတ်မြို့သို့ lat nat ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး thay ဆုံးပြီး ၅ ဦး ဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကော့ကရိတ်မြို့သို့ lat nat ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး thay ဆုံးပြီး ၅ ဦး ဒဏ်ရာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၈
အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်သော lat nat ကြီးကျည်သည် ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး thay ဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အောက်တိုဘာလ ၂၇ ရက် ယမန်နေ့ နေ့လယ်တွင် ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လှိုင်ဝကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်က lat nat ကြီးဖြင့် ပစ်ခတ်ခဲ့ရာ တံတားဦးဗလီအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး thay ဆုံးကာ ကလေး သုံးဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“တံတားဦး ဗလီနားမှာ lat nat ကြီးတစ်လုံးကျတာ၊ တံတားဦးမှာက အိမ်တွေ တအား စိပ်တယ်။ တစ်အိမ်နဲ့ တစ်အိမ် ကပ်နေတာ။ အသက် ၃၆ နှစ်အရွဘ် ဒေါ်စလီဖာ thay ဆုံးတယ်၊ သူ့ခင်ပွန်းနဲ့ သမီးနှစ်ယောက်က ဒဏ်ရာရတယ်။ နောက်တစ်အိမ်က အမေနဲ့ သား ဒဏ်ရာရတယ်။ နောက်ထပ်တစ်အိမ်က ကာစင်ဘိုင် အသက် ၃၅ နှစ်က lat nat ကြီးသံကြောင့် ရှော့ခ် ဖြစ်ပြီး thay တယ်။ အားလုံး thay တာ နှစ်ဦး၊ ဒဏ်ရာရ ငါးဦး” ဟု ကော့ကရိတ်မြို့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒဏ်ရာရရှိသူများကို မော်လမြိုင်ဆေးရုံနှင့် ဘားအံဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်တွင် တံတားဦးနှင့် ခနိမ်းမူပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထွေအုပ်ရုံးများ ရှိသည့် အပိုင်းမှာ ခနိမ်းမူဖြစ်ပြီး lat nat ကြီးကျည်သည် တံတားဦး အပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“မနေ့က ကော့ကရိတ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး၊ အာရှလမ်း တောနော်ဘက်မှာတော့ ရှိလား မပြောတတ်ဘူး။” ဟု ကော့ကရိတ်မြို့နယ်တွင် လှုပ်ရှားသည့် KNLA တပ်ရင်း ၁၈ နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

ကော့ကရိတ်-ဘားအံ ကားလမ်း ကော့ကရိတ်မြို့အထွက်တွင် လှိုင်ဝကျေးရွာ တည်ရှိပြီး ယင်းကျေးရွာအနီးတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)နှင့် လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ ၂၃၀၊ ခလရ ၂၃၁ တပ်ရင်းများ အခြေစိုက်ထားသည်။

“လှိုင်ဝဘုရားကုန်းနားမှာ စကခ ၁၂ ရှိတယ်၊ အဲဒီမှာ lat nat ကြီး ပစ်ကူပစ်တဲ့ နေရာရှိတယ်၊ အဲဒီကနေ ပစ်တာ” ဟု ကော့ကရိတ်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့ ခရိုင်ရဲရုံးနှင့် ထွေအုပ်ရုံများရှိ စစ်ကောင်စီတပ်ဖွဲ့ကို Lion Battalion နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၈ နာရီကျော်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း thay ဆုံးခဲ့သည်။

အဆိုပါ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ lat nat ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများ အလွန်အကျွံ သုံးစွဲ တိုက်ခိုက်ခဲ့သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။