သီလဝါ အထူးစီးပွားရေးဇုန် လုံခြုံရေးအတွက် လုံခြုံ ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူ တာဝန်ပေးမည်

Local News

သီလဝါ အထူးစီးပွားရေးဇုန် လုံခြုံရေးအတွက် လုံခြုံ ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူ တာဝန်ပေးမည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သီလဝါ အထူးစီးပွားရေးဇုန် လုံခြုံရေးအတွက် လုံခြုံ ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူ တာဝန်ပေးမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သီလဝါအထူးစီးပွား‌ရေးဇုန်ဧရိယာ တစ်ခုလုံး လွှမ်းခြုံကာ လုံခြုံရေးယူနိုင်ရေးအတွက် လုံခြုံရေးကုမ္ပဏီများအား တင်ဒါခေါ်ယူကာ တာဝန်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
အောက်တိုဘာလ (၂၇) ရက်က ပြုလုပ်သည့် သီလဝါ အ ထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများနှ င့်တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” လုံခြုံရေးနဲ့ ပတ်သက်ပြီး ဇုံတစ်ခုလုံးကို လွှမ်းခြုံနိုင်သ ည့် လုံခြုံရေးစနစ် ဆောင်ရွက်နိုင်ရေး လုံခြုံရေးကုမ္ပ ဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်သွားရန်လိုအပ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသ ည်။
ထို့အပြင် ကျန်ရှိနေသည့် မြေသိမ်းဆည်းရေးကိစ္စများ ဥ ပဒေနှင့်အညီ အမြန်ပြီးစီးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားရန်လည်း တိုက်တွန်းမှာကြားသွားကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရန် ကြောညာများကို ရုရှားဘာသာ၊ တရုတ်ဘာသာနှင့် အခြား အိမ်နှီးချင်းနိုင်ငံများ၏ ဘာသာစကားများဖြင့် ဖြန့်ဝေကြေညာပေးရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဟူသည့် အချက်ကို သီလဝါအထူးစီး ပွားရေးဇုန်မှလည်း တစ်စိတ်တပိုင်း အကောင်အထည် ဖော်နေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။

ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့စီးပွားရေးအတွက် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျောက်ဖြူနှင့် ထားဝယ် SEZ များကိုလ ည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသွားကြော င်း သိရသည်။

ရေးသားသူ – ပေါ်ပြူလာဂျာနယ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။