အီလွန်မက်စ်သည် ဒေါ်လာ ၄၄ ဘီလျံဖြင့် တွစ်တာကို လွဲပြောင်းရယူ

Local News Tech

အီလွန်မက်စ်သည် ဒေါ်လာ ၄၄ ဘီလျံဖြင့် တွစ်တာကို လွဲပြောင်းရယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီလွန်မက်စ်သည် ဒေါ်လာ ၄၄ ဘီလျံဖြင့် တွစ်တာကို လွဲပြောင်းရယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မက်စ်သည် တွစ်တာကို ဝယ်ယူပြီးနောက် ပထမဆုံး ဆုံးဖြတ်ချက်အနေဖြင့် တွစ်တာ၏ စီအီးအို Parag Agrawal နှင့် အခြားထိပ်တန်းအမှုဆောင်နှစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် မီဒီယာအများအပြားက ကြာသပတေးနေ့တွင် အဆိုပါကိစ္စနှင့် ရင်းနှီးသူများကို ကိုးကားဖော်ပြခဲ့သည်။
ဘဏ္ဍာရေး အရာရှိချုပ် Ned Segal နှင့်ဥပဒေရေးရာမူဝါဒ၊ ယုံမှတ်အပ်နှံမှုနှင့် ဘေးကင်း လုံခြုံရေးအမှုဆောင်အရာရှိချုပ် ဗီဂျေယာ ဂဒ်ဒီတို့ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

တွစ်တာ၏ အထွေထွေအကြံပေး Sean Edgett ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းဌာနကက ဖော်ပြခဲ့သည်။
အပြီးသတ် ဝယ်ယူရန် ချိန်းဆိုထားသော သောကြာနေ့ မတိုင်မီ တွစ်တာပေါ်တွင် တင်ခဲ့သော ပို့စ်အရှည်တစ်ခု၌ မက်စ်က တွစ်တာကို လူတိုင်းအတွက် နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ပြောချင်တိုင်း ပြောလိုရမည့် နေရာအဖြစ်သို့ ပြောင်းလဲမည်ဟူသော ရည်ရွယ်ချက်အပေါ် ငြင်းဆိုခဲ့သည်။
“ကျွန်တော် တွစ်တာကို ဝယ်ယူရတဲ့ အကြောင်းရင်းကတော့ ယုံကြည်ရာ အမျိုးမျိုးကို အကြမ်းမဖက်ဘဲ ကောင်းကောင်းမွန်မွန်နဲ့ အခြေအတင် ဆွေးနွေးနိုင်မယ့် အများသုံး ဒစ်ဂျစ်တယ် မြို့ရင်ပြင်တစ်ခု ရှိဖို့က လူ့ယဉ်ကျေးမှုရဲ့ အနာဂတ်အတွက် အရေးကြီးလို့ပါ” ဟု မက်စ်က ပြောကြားခဲ့သည်။

ရေးသားသူ – ပေါ်ပြူလာဂျာနယ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။