ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ thay ဆုံးသူ ၁၄၉ ဦး ရှိလာ

International News Local News

ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ thay ဆုံးသူ ၁၄၉ ဦး ရှိလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ thay ဆုံးသူ ၁၄၉ ဦး ရှိလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၂
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အီထယ်ဝန်ရပ်ကွက်၌ ကျင်းပသည့် ဟောလိုးဝင်းပွဲ (Halloween) အတွင်း လူအုပ်ပြို၍ thay ဆုံးရသူဦးရေမှာ အနည်းဆုံး ၁၄၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြ ထားသည်။


ယမန်နေ့ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ဆိုးလ်မြို့၏ ဘားများ၊ ကလပ်များရှိသည့် လမ်းတခုအတွင်း ဟောလိုးဝင်းပွဲ ဆင်နွှဲရန် လူအုပ်ကြီးသည် လမ်းကြားတခုအတွင်းသို့ တိုးဝင်လာချိန်တွင် ရုတ်တရက် တိုးကြိတ်ခဲ့ကြသည့် အတွက် လူပိကာ ၁၄၉ ဦးထက်မနည်း thay ဆုံးရပြီး၊ ဒဏ်ရာရသူဦးရေမှာလည်း ၁၀၀ ကျော်ရှိကာ၊ thay ဆုံးသူများမှာ ဆယ်ကျော်သက်အရွယ်နှင့် ၂၀ ကျော်အရွယ် လူငယ်အများစု ဖြစ်ကြကြောင်း တာဝန်ရှိသူများက ဆိုသည်။


အဆိုပါ ပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ဆိုးလ်မြို့တွင် ပထမဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းပွဲတခုလည်း ဖြစ်သည်။


မီးသတ် အရာရှိများနှင့် မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ လူများ စုပုံနေပြီး ကျဉ်းမြောင်းသည့် လမ်းကြားထဲသို့ လျှောဆင်းနေချိန်၌ လမ်းထိပ်ရှိ လူများမှာ ပြုတ်ကျကာ အောက်ခြေရှိ လူများပေါ်သို့ ပိကျကုန် သည်ဟု ပြောဆိုကြသည်။
အီထယ်ဝန်သည် တောင်ကိုရီးယားလူငယ်များနှင့် နိုင်ငံ ခြားသားများကြား ရေပန်းစားသည့် အပန်းဖြေနေရာ တခုလည်း ဖြစ်ပြီး thay ဆုံးသူများထဲတွင် နိုင်ငံခြားသား ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- stirea zilei

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။