ငွေလိမ်မည့် Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး ပြည်သူများကို အဖွဲ့ဝင် အဖြစ် ငွေ ထည့်ခိုင်းခြင်း၊ လူစုဆောင်းခိုင်းမှုများ အထူး သတိပြုရန်လိုအပ်

Local News

ငွေလိမ်မည့် Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး ပြည်သူများကို အဖွဲ့ဝင် အဖြစ် ငွေ ထည့်ခိုင်းခြင်း၊ လူစုဆောင်းခိုင်းမှုများ အထူး သတိပြုရန်လိုအပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေလိမ်မည့် Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး ပြည်သူများကို အဖွဲ့ဝင် အဖြစ် ငွေ ထည့်ခိုင်းခြင်း၊ လူစုဆောင်းခိုင်းမှုများ အထူး သတိပြုရန်လိုအပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၅
ပြည်တွင်းတွင် ငွေလိမ်နိုင်သည့် Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး မြန်မာပြည်သူများကို အဖွဲ့ဝင် အဖြစ် ငွေထည့်ခိုင်းခြင်း၊ လူစုဆောင်းများမှုများ သတိပြုရန်လိုအပ်ကြောင်း ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူတချို့က သတိပေးပြောဆိုသည်။

လူမှုကွန်ရက်တွင် Exxon အမည်ရ Application က ၎င်းတို့သည် အမေရိကန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်သွားမည်ဟု ကြော်ငြာလာကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ရှယ်ယာများ ရင်းနှီးမြှုပ်နှံကြရန် အောက်တိုဘာ လကုန်မှ စ၍ ဖိတ်ခေါ်လာကြောင်း၊ အဆိုပါ Application မကြာသေးမီက လူပေါင်း သောင်းနှင့်ချီ အလိမ်ခံရသော Joom ဆော့ဖ်ဝဲ၏ ဒီဇိုင်းဆွဲထားပုံ တစ်ပုံစံ တည်းဖြစ်ကြောင်း သိရှိရသည်။

Exxon အမည်ဖြင့် အမေရိကန်ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဆိုသည်မှာလည်း ပြင်ပတွင် အမှန်တကယ် ရှိမနေဘဲ ငွေကြေးစျေးကျွမ်းကျင်သူများနှင့် Application အတုများကို သတိထားစောင့်ကြည့်လေ့လာနေသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ Exxon Application က ရှေ့မှာ ငွေသိန်းသောင်းချီ လိမ်လည်သွားတဲ့ Joom တို့ Koala တို့လိုပဲ။ အဖွဲ့စဝင်တာနဲ့ ငွေကျပ် ၄၀၀၀၀ ထည့်ရမယ်ဆိုပြီး ပြောတယ်။ Application Design ဆွဲထားတဲ့ ပုံကိုက joom နဲ့ တစ်ပုံစံတည်းပါ။ အရင် Joom ဆွယ်တဲ့ သူတွေကလည်း အကောင့်အတုနဲ့ သူများပုံသုံးပြီး ဆွယ်တာပါ။ အဲလူတွေ အကောင့်က ရှာမတွေ့တော့ပါဘူး။ အခုလည်း အကောင့်အတုတွေနဲ့ ဆွယ်နေတာပါ” ဟု လေ့လာစောင့်ကြည်သူက ပြောသည်။

လက်ရှိအချိန်တွင် Exxon တွင် ငွေရင်းနှီးမြုပ်နှံကြရန် ဆွယ်နေကြသူများမှာ ယခင် Joom တွင် ထဲထဲဝင်ဝင် လုပ် ဆောင်နေကြသူများလည်း ပါဝင်နေကြောင်း၊ ငွေများများရင်းလျှင် အရင်းမြန်မြန်ရမည်ဖြစ်ကြောင်း၊ ငွေမရင်းလျှင်လည်း အဖွဲ့ဝင်များများ စုဆောင်းပါက အကျိုးအမြတ် များများရမည်ဟု စည်းရုံးနေကြောင်း သိရှိရသည်။

လူမှုကွန်ရက်မှတစ်ဆင့် ငွေကြေးထည့်ခိုင်း အဖွဲ့ဝင်စုဆောင်း အကျိုးအမြတ်ပေးသည့် Application အတုများဖြင့် ငွေလိမ်လည်မှုများ ခေတ်စားလာနေသဖြင့် မြန်မာပြည်သူများအားလုံး သတိပြုကြရန် လေ့လာသူများက ထပ်မံ သတိပေးထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။