ပဲခူး ရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲ လူမစည်၊ ငြိမ်းချမ်းရေး သင်္ကေတမီးပုံးပျံလွှတ်တင်စဉ် အလံ မီးလောင်ပြုတ်ကျပြီး မီးလန့်မှုဖြစ်

Local News

ပဲခူး ရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲ လူမစည်၊ ငြိမ်းချမ်းရေး သင်္ကေတမီးပုံးပျံလွှတ်တင်စဉ် အလံ မီးလောင်ပြုတ်ကျပြီး မီးလန့်မှုဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲခူး ရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲ လူမစည်၊ ငြိမ်းချမ်းရေး သင်္ကေတမီးပုံးပျံလွှတ်တင်စဉ် အလံ မီးလောင်ပြုတ်ကျပြီး မီးလန့်မှုဖြစ်
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၆
ပဲခူးရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲကို လာရောက်သူ များပြားခြင်းမရှိဘဲ ဂီတပွဲ ကျင်းပသည့်နေရာနှင့် မီးပုံးပျံ လွှတ်သည့်နေရာတွင်သာ လူတစ်စု ၊ တစ်စုစီ မြင်တွေ့ရကြောင်း၊ စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် လာရောက်သူများပြားသည်ဟု ဝါဒဖြန့်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပဲခူးဒေသခံတချို့က ပြောသည်။

 

“ဟိုနားတစ်စု၊ ဒီနားတစ်စုပါပဲ။ ဘုရားပေါ်လည်း လူက ခြောက်ကပ်၊ စတိတ်ရှိုးနားမှာ ပွဲလုပ်တဲ့ စင်နားမှာ လူနည်းနည်းလေးရှိတယ်။ မီးပုံးပျံလွှတ်တဲ့နားလူ ဟိုတစ်စု ၊ ဒီတစ်စုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ညနေ ၆ နာရီခွဲအချိန် ရွှေမော်ဓောဘုရားတန်ဆောင်တိုင် ပွဲတော်အဖိတ် နေ့ ယာဉ်ရပ်နားဝင်းတွင် စတင်ပြုလုပ်ပြီး မီးပုံးပျံ လွတ်တင်ပွဲနှင့် သီချင်းဖျေ ာ်ဖြေပွဲ ပြုလုပ်ကြောင်း၊ ပြည်သူအများစုလာရောက်ခြင်းမရှိဘဲ ဌာနဆိုင်ရာ ဝန် ထမ်းများ ဌာနတစ်ခုလျှင် လူ ၅၀ ခန့် မဖြစ်မနေ တက်ရောက်ခိုင်းကြောင်း၊ မီးပုံးပျံကြီး ၆ လုံး လွှတ်တင်ခဲ့ပြီး နောက်ဆုံး မီးပုံးပျံလွှတ်တင်ချိန်တွင် လူမရှိသလောက် ဖြစ်သွားကြောင်း သိရှိရသည်။

 

မြန်မာပြည်၏ ငြိမ်းချမ်းရေး သင်္ကေတ ဆိုသည့် မီးပုံးပျံကို ဘုရားကြီးအဖွဲ့က လွှတ်တင်ရာတွင် မြန်မာနိုင်ငံ အလံပုံဖော်ထားသည့် မီးပုံးများ ပြတ်ကျသွားကြောင်း၊ ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားလမ်း၊ ငါးမြှားချိတ် စက်ရုံအပေါ်သို့ မီးပုံးပျံပြုတ်ကျသဖြင့် မီးလန့်မှု ယ​နေ့ ည ၈ နာရီ ၃၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး မီးသတ်ကား (၇)စီး Ambulance (၁) စီးသွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။

“အရင်ကကျနော်တို့…ပဲခူးမြို့ဘုရားပွဲကလူတိုးလို့မပေါက်အောင်စည်ကားခဲ့သမျှအခုခွေးတွေလက်ထက်မှာ…ဘုရားဝင်းကို ပိတ်ပြီးသူ့လူနဲ့သူကျင်းပနေကြတာ။

ပြီးတော့… ဘုရားဝင်းမှာရှိတဲ့ဈေးဆိုင်ခန်း ၁၅၀ ကျော်လောက်က… တ ကယ်ဈေးရောင်းတဲ့သူ အစစ်တွေမဟုတ်ဘဲ ..တစ်ရပ်ကွက်စီက ရပ်ကွက်လူကြီး တစ်ယောက်စီက…သွားပြီးဈေးဆိုင်ဖွင့်ပေးရတာ… ဟန်ပြသပ်သပ်သွားပြီးဖွင့်ပေးရတာ… အဲ့လို…ဂျင်းတွေကို…စစ်ခွေးလော်ဘီတွေကိုပုံရိုက်ဝါဒဖြန့်နေတာပါ။ ကျနော်တို့ပဲခူးမြို့ခံတွေအသိဆုံးပါ…” ဟု ပဲခူးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၆ ရက်နေ့ ပဲခူးရွှေမော်ဓောဘုရား တန်ဆောင်တိုင် လူမစည်သည့်မြင်ကွင်းများ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။