ကမ္ဘာ့စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှု အမည်ခံ Power 96 ကုမ္ပဏီက သိန်းပေါင်း ၇ သောင်းကျော်လိမ် လည်၍ စင်ကာပူသို့ ထွက်ပြေး၊ ရှယ်ယာရှင်များ တရားစွဲထားသော်လည်း Page အသစ် ထပ်ထောင်၍ ငွေထပ်လိမ်

Local News
ကမ္ဘာ့စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှု အမည်ခံ Power 96 ကုမ္ပဏီက သိန်းပေါင်း ၇ သောင်းကျော်လိမ် လည်၍ စင်ကာပူသို့ ထွက်ပြေး၊ ရှယ်ယာရှင်များ တရားစွဲထားသော်လည်း Page အသစ် ထပ်ထောင်၍ ငွေထပ်လိမ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကမ္ဘာ့စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှု အမည်ခံ Power 96 ကုမ္ပဏီက သိန်းပေါင်း ၇ သောင်းကျော်လိမ် လည်၍ စင်ကာပူသို့ ထွက်ပြေး၊ ရှယ်ယာရှင်များ တရားစွဲထားသော်လည်း Page အသစ် ထပ်ထောင်၍ ငွေထပ်လိမ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၇
ပြည်တွင်းတွင် ကမ္ဘာ့စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှု အမည်ခံ Power 96 ကုမ္ပဏီက ငွေကျပ် သိန်းပေါင်း ၇ သောင်းကျော် လိမ်လည်ပြီး စင်ကာပူသို့ ထွက်ပြေးခဲ့ရာမှ ယခုအခါ လူမှုကွန်ရက်တွင် Page အသစ် ထပ်ထောင်၍ ငွေထပ်လိမ်နေကြောင်း အဆိုပါကုမ္ပဏီနှင့်ပတ်သက်ခဲ့သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံတကာ စတော့ရှယ်ယာနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ Power 96 အမည်နှင့် ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှ စတင်၍ ရင်းနှီးမြှုပ်နှံငွေများကို တစ်လလျှင် ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ၊ ၂၇ ရာခိုင်နှုန်းအထိ အမြတ်ငွေအဖြစ်ပေးမည်ဟု မက်လုံးပေးပြီး ရှယ်ယာများ ခေါ်ယူခဲ့ကြောင်း၊ အစပိုင်းတွင် ပုံမှန် အမြတ်ငွေပေးခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရော အတိုးပါ မရရှိဘဲ လူပေါင်း ၄၀၀၀ ကျော်ထံမှ အမေရိကန်ဒေါ်လာ သန်းချီ လိမ်လည်ခဲ့ကြောင်း၊ လက်ရှိတွင် Page အသစ်ဖွင့်၍ ထပ်မံလိမ်လည်ရန် လုပ်ဆောင်နေကြောင်း ငွေလိမ်ခံခဲ့ရသူ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။
Power 96 investment Company အမည်နှင့် ပြည်သူများထံမှ ကျပ် သုံးသိန်းမှ စ၍ သိန်းထောင်ချီ၍ ရှယ်ယာများ ရောင်းသည်ဟူ၍ လိမ်လည်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Venes Techno အမည်နှင့် Facebook ပေ့ထောင်ကာ ငွေသိန်းပေါင်း ၈၅၀၀ ကျပ် လိမ်လည်သွားခဲ့ကြောင်း၊ လတ်တလောတွင် The New Power 96 ဟူသည့် Facebook Page အသစ်ထောင်၍ ထပ်မံ လိမ်လည်နေကြောင်း၊ ယခင် ငွေထည့်ထားသူများကို ငွေပြန်မပေးဘဲ ထပ်မံ ရင်းနှီးမြှုပ်နှံမှာသာ ငွေပြန်ပေးမည်ဟု ပြောဆို လိမ်လည်နေကြောင်း ငွေလိမ်လည်ခံထားရသူများထံမှ သိရှိရသည်။
Power 96 ကုမ္ပဏီထူထောင် လိမ်လည်သူ ထွန်းလင်းသူ (တင့်ဝေထွန်း) နှင့် ဇနီး ပပထွန်း
==================================================
Power 96 ကို တည်ထောင်သူမှာ ထွန်းလင်းသူ (တင့်ဝေထွန်း) ဆိုသူဖြစ်ပြီး ငွေလိမ်ခံရသည့် ပြည်သူများက တရား စွဲဆိုခဲ့ကြောင်း ၊ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်PR ကတ်ရရှိထားသူ ထွန်းလင်းသူ(ခ) တင်ဝေထွန်းက စင်ကာပူနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ အောင်ကိုကို၊ ဒေါ်အေးမြတ်မွန် ဆိုသူတို့ကလည်း လုပ်ငန်းကို ဦးစီး၍ ငွေများ လိမ်လည်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၁၈ ခုနှစ်မှ စ၍ Power 96 မြန်မာ့ပထမအနာဂတ်ရင်းနှီးမြှုပ်နှံဝန်ဆောင်မှု (Power 96 Future Myanmar Co., Ltd) အမည်ဖြင့် သန်လျင် ၊ Star City အိမ်ရာ၊ တိုက် (A) ၊ အခန်း ၃၀၁ တွင် ရုံးခန်းဖွင့်လှစ်ဖွင့်လှစ်ခဲ့သည်။
လုပ်ငန်းလိုင်စင်များ၊ လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများ၊ ကုမ္ပဏီလိပ်စာ အတည်အကျ၊ အမြတ်အစွန်းအမှန်တကယ် ပို့ပေးနေသည်ဟူသည့် ဓာတ်ပုံများဖြင့် ကုမ္ပဏီကို အပြကောင်းအောင် လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
လူမှုကွန်ရက်တွင် Power 96 မြန်မာ့ပထမအနာဂတ်ရင်းနှီးမြှုပ်နှံဝန်ဆောင်မှု ဟူ၍ Facebook Page ဖွင့်ကာ လူအများကို စတင် လိမ်လည်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်တွင် အာဏာသိမ်းမှုနှင့် Covid 19 အကြောင်းပြကာ မူလ ရင်းနှီးငွေနှင့် အမြတ်ငွေပါ မပေးတော့ဘဲ လိမ်လည်ထွက်ပြေး သွားခြင်းဖြစ်သည်။
“ငွေတွေကို ပြန်မပေးဘဲ Page တွေမျိုးစုံဖွင့်ပြီး ၂နှစ်ကျော်ထိ လိမ်နေတာပါ။
ပြည်သူတွေက အလိမ်ခံနေရတာ။ ရဟန်းသံဃာတွေရော၊ နယ်က လူတွေ‌ရော။ လူ ၄၀၀၀ ကျော်လောက် အလိမ်ခံရတယ်။ သိန်းပေါင်း သောင်းချီတယ်။ App မှာ ရမယ့်ငွေတွေတောင် ကြည့်လို့ မရတော့ဘူး။ အခုက အရင်ငွေတွေ ပြန်မပေးဘဲ ICS စနစ်ဆိုပြီး ထပ်ရင်းခိုင်းတယ်။ ၂ နှစ်ကျော် ပြန်မပေးတဲ့ ပိုက်ဆံတွေကို မပေးဘဲ ထပ်ရင်းမှ ထပ်ပေးမယ့် ပုံမျိုး ယုတ်မာနေတာ” ဟု ငွေလိမ်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
Power 96 ကုမ္ပဏီမှ ငွေကြေးလိမ်လည်သွားသည့် ဘဏ်အကောင့်မှာ အဆို ပါ ကုမ္ပဏီ၏ Operations Manager အဖြစ် တာဝန်ယူထားသည့် အောင်ကို ကို ၏ ဘဏ်အကောင့်များ ဖြစ်သည်။
ငွေကြေးထည့်ဝင် လိမ်သွားသွားသည့် U Aung KoKo အမည်နှင့် ဘဏ်အကောင့်များမှာ –
AYA Bank – 0178201010045373
AGD Bank – 3240101001068017
CB Bank – 006760010040328
KBZ Bank – 25330199928772001
YOMA Bank – 002010144002188
OK$ – 09788100066
TRUE MONEY – 09788100066
KBZ Pay – 09788100066
စသည့် အကောင့်များ သုံးကာ ငွေလက်ခံ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင် လိမ်လည်ခံရသူများထံမှ သိရှိရသည်။
အဆိုပါ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်ကြသူများတွင် နယ်စုံမှ ပြည်သူများအပါ အဝင် ရဟန်းသံဃာများလည်း ပါဝင်ကြောင်း သိရှိရသည်။
“လူတွေက ခွေးတွေ အာဏာလုတော့ အလုပ်မရှိ ကြံရာမရတာနဲ့ ထည့်ကြတော့ အကုန်လိမ်သွားတာ။ ကျွန်တော်တို့ နစ်နာသူတွေပါ။ ဘယ်ကိုမှလည်း တိုင်မရပါဘူး။ P96 ပုံစံကို CFX က ယူပြီး ထပ်လိမ်တာပါ။ ခံရသူတွေ အများကြီး အာဏာရူးတဲ့ အကျိုးဆက်တွေပေါ့ဗျာ” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။