ကြို့ပင်ကောက်မှာ မိုက်လုသီချင်းဆိုရာမှ စကားများရန်ဖြစ်၍ လူthet မှုဖြစ်ပွား

Local News

ကြို့ပင်ကောက်မှာ မိုက်လုသီချင်းဆိုရာမှ စကားများရန်ဖြစ်၍ လူthet မှုဖြစ်ပွား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြို့ပင်ကောက်မှာ မိုက်လုသီချင်းဆိုရာမှ စကားများရန်ဖြစ်၍ လူthet မှုဖြစ်ပွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ​မွန်းလွဲ ၁ နာရီဝန်းကျင်က ရွာသားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူthet မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
မနက်ပိုင်း စပါးရိတ်သိမ်းပြီးနောက်အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲပြုလုပ်ကာ သီချင်းဆိုရာမှ မိုက်လုရင်း ရန်ဖြစ်စကားများကာ လှေတုန်းရွာသား မျိုးလွင်မှ ကျော်ခိုင်ဆိုသူအား ဓားဖြင့်ထိုးသဖြင့် လူthet မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


“သူတို့က တစ်ရွာတည်းသားတွေ။ သီချင်းဆိုနေရင်း မိုက်လုရာကနေ စကားများကြတာ။ ဦးမျိုးလွင်က ကိုကျော်ခိုင်ကို ဓားနဲ့ထိုးလိုက်တာ။ နေရာမှာတင် ကိုကျော်ခိုင်thay တယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကျေးရွာတွင်နေထိုင်သည့် မျိူးလွင်မှ တစ်ရွာတည်းသား ကျော်ခိုင်ကိုအရိုးအသွား ၆ လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ “ဓားနဲ့ထိုးတဲ့ မျိုးလွင်က အခင်းဖြစ်ပြီးခဏမှာပဲ ထွက်ပြေးတာ။ ဒီနေ့ခင်းပိုင်းတင်ပဲ ရဲတပ်ဖွဲ့က ပြန်ဖမ်းမိသွားတယ်။ အခုလူthet မှုနဲ့ အမှုဖွင့်ထားတယ်”ဟု အတည်ပြု ပြောဆိုသည်။

ရေးသားသူ –Ayeyarwaddy Times

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။