ဇလွန်မြို့က ဘုံကထိန်ပွဲမှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံရ

Local News

ဇလွန်မြို့က ဘုံကထိန်ပွဲမှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇလွန်မြို့က ဘုံကထိန်ပွဲမှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲလှည့်လည်ပွဲမှာ လုံခြုံရေးယူပေးနေတဲ့ ရဲတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇလွန်မြို့ပေါ်မှာ ပြုလုပ်တဲ့ ဘုံကထိန်ပွဲမှာ လုံခြုံရေးနဲ့ လမ်းရှင်းပေးရတဲ့ တာဝန်ယူထားတဲ့ ယာဉ်ထိန်းရဲတစ်ဦးကို ဘုံကထိန်လှည့်လည်ပွဲမှာ ပါဝင်သူတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“မနေ့ ကထိန်လှည့်နေတုန်း ၁၀ ခွဲလောက်မှာ ဝရုန်းသုန်းကားတွေ ဖြစ်ပြီး လမ်းရှင်းပေးတဲ့ ရဲကို ဝိုင်းပြီးထိုးကြတာ။ သူမှာက အရှည်တစ်လက်ပါတယ်။ ပစ်လို့မရအောင်နင်းထားတယ်ပြောတယ်။ သိပ်မကြာဘူး လုံခြုံရေးတွေရောက်လာပြီး သေနတ်တစ်ချက် မိုးပေါ်ထောင်ပစ်မှ လူစုကွဲသွားကြတာ။ အထိုးခံရတဲ့ ရဲက ဆိုင်ကယ်တွေဖမ်းပြီး ပိုက်ဆံတောင်းနေကြ” လို့ ဘုံကထိန်ပွဲမှာ ပါဝင်ခဲ့တဲ့ ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထိုးကြိတ်ခံရတဲ့ ရဲဟာ ဇလွန်မြို့ပေါ်မှာ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်းပြ ပိုက်ဆံတောင်းနေသူဖြစ်ပြီး သူ့ကို မကျေနပ်သူတွေ အများအပြားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇလွန်မြို့က ဘုံကထိန်လှည့်လည်ပွဲမှာ ပဒေသာပင်အရေအတွက်မှာလည်း ၅၀ ဝန်းကျင်သာ ရှိခဲ့တာကြောင့် အရင်နှစ်တွေထက် ပိုနည်းခဲ့ပြီး အရင်နှစ်တွေကလို စည်ကားမှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။


တော်လှန်ရေး လှုပ်ရှားမှုတွေ အားနည်းတဲ့ ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြားသုံးကာ တန်ဆောင်တိုင်ကာလအတွင်း ပွဲလမ်းသဘင်များပြုလုပ်လျှက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးသားသူ – Ayeyarwaddy Times

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။