ရေတာရှည်တွင် ခရိုင်ချင်းဆက်လမ်းပေါ် စခန်းချထားသော စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၅ ဦးthay ဆုံး၊ မင်းတပ်တွင်လည်း အနီးကပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးthay ဆုံ

Local News

ရေတာရှည်တွင် ခရိုင်ချင်းဆက်လမ်းပေါ် စခန်းချထားသော စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၅ ဦးthay ဆုံး၊ မင်းတပ်တွင်လည်း အနီးကပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးthay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေတာရှည်တွင် ခရိုင်ချင်းဆက်လမ်းပေါ် စခန်းချထားသော စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၅ ဦးthay ဆုံး၊ မင်းတပ်တွင်လည်း အနီးကပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းပေါ်တွင် အခိုင်အမာစခန်း ချထားသော စစ်တပ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးthay ဆုံးကြောင်း ရေတာရှည် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
‌နို၀င်ဘာလ ၆ ရက်‌၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီ ၀န်းကျင် ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာတောင်ဘက် ခရိုင်ချင်းဆက်လမ်းပေါ်(ဗျူဟာလမ်း)ရှိ ဂူတောင်တောရကျောင်းတွင် စခန်းအခိုင်အမာချနေသော စစ်ကောင်စီတပ်ကို ရေတာ ရှည်၊ တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ၏ ချေမှုန်းရေးအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ ဂူတောင်တောရကျောင်း အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ နေ၀င်ချိန်ဖြစ်တာကြောင့် လုံခြုံရေးအရ လိုက်လံပစ်ခတ်ရှင်းလင်းခြင်း မပြုလုပ်တော့ကြောင်း၊ စစ်ကောင်စီဘက်မှ ၅ ဦးthay ဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ရေတာရှည် PDF သတင်းရင်းမြစ်က ပြောသည်။


အလားတူနိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီရွာနားမှာ CDF-Mindatနှင့် စစ်ကောင်စီတပ်များ အကြား အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးthay ဆုံးကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်သားများသည် ထီးလင်းမြို့မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ချီတက်လာပြီး ပလုံတွီရွာထဲသို့ thay နတ်ပစ်ဖောက် ဝင်လာကြပြီးနောက် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပလုံတွီကျေးရွာထဲတွင် စစ်ဘေးရှောင်နှင့်ကလေးငယ် ၅၀ ပိတ်မိနေကြောင်း ၊ စစ်တပ်က ကျေးရွာစာသင်ကျောင်းတွင် စခန်းချ ရပ်နားခဲ့ကြောင်းဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။