သင့်ကို အမှန်တကယ်thet ရန် ဒီဇိုင်းထုတ်ထားသည့် VR Headset

Tech

သင့်ကို အမှန်တကယ်thet ရန် ဒီဇိုင်းထုတ်ထားသည့် VR Headset

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ကို အမှန်တကယ်thet ရန် ဒီဇိုင်းထုတ်ထားသည့် VR Headsetဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နိုဝင်ဘာ ၉ ရက်‌၊

ဒီ Headsetကိုတပ်ဆင်ပြီး ဂိမ်းဆော့တဲ့အခါ ဂိမ်းထဲမှာ သင်အthet ခံရပါက အပြင်ဘဝမှာလည်းသင်အမှန်တကယ်အသက်ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
Oculus ကုမ္ပဏီရဲ့တည်ထောင်သူ၊ virtual reality ရဲ့ဖခင်လို့တင်စားခေါ်ဝေါ်ခြင်းခံရသူ Palmer Luckey ဟာ ဒီ Headset ကိုတည်ထွင်ထားပြီပြီဖြစ်တယ်သိရပါတယ်။ Japan ရဲ့နာမည်ကြီး Sword Art Online (light novel series & anime) ကိုဂုဏ်ပြုခြင်းအနေနဲ့ဖန်တီးထားတာလို့လည်းဆိုပါတယ်။

 

Sword Art Online ထဲမှာ ကစားသမားတွေက NeveGear ဆိုတဲ့ virtual reality headsetကို တပ်ဆင်ကာ ဂိမ်းလောကထဲဝင်ရောက်ကစားခဲ့ကြရင်း ပြန်ထွက်လို့မရတော့ဘဲ ဂိမ်းကိုအနိုင်ယူနိုင်ဖို့ အဆင့်ပေါင်း 100 ကိုဖြတ်ကျော်ရမှာဖြစ်ပြီး ဂိမ်းထဲမှာthay ပါက အပြင်ဘဝမှာလည်းthay ဆုံးသွားမှာဖြစ်ပါတယ်။ အပြင်ဘဝက တစ်ယောက်ယောက်ကလည်း ဂိမ်းကိုရပ်တန့်ဖို့ကြိုးစားမိရင်လည်း Player ဟာthay ဆုံးသွားမှာပါ။ ကစားသူတပ်ဆင်ထားတဲ့ NeveGear headset ထဲမှာ microwave emitter ပါဝင်တာကြောင့် ဒီ microwave emitterကပဲ ထိုPlayer ကိုအဆုံးသတ်ပေးမှာဖြစ်ပါတယ်။

ယခု Luckey တီထွင်ထားတဲ့ headset မှာ Player ရဲ့ဦးနှောက်ကိုပျက်စီးစေမယ့်စနစ်ပါဝင်နေပြီး ထို Headset ကိုချွတ်လို့မရအောင်၊ ဖျက်စီးလို့မရအောင် ကြံစည်ရေးဆွဲနေဆဲဖြစ်တယ်လို့သိရပါတယ်။

ရေးသားသူ – Heroes for Myanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။