“အကြည်တော်” အား လေးစားဂုဏ်ပြုသည့်အနေဖြင့်

Celebrity Local News

“အကြည်တော်” အား လေးစားဂုဏ်ပြုသည့်အနေဖြင့်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးသွားမှာကတော့ ဆုံးပါးသွားသည့် အကြည်တော် ရဲ့ကဗျာများ ပဲ ဖြစ်ပါတယ်။

November 10, 2022


“ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်”

ဘဝမှာတစ်ခါပဲ ချစ်ခွင့်ရမယ်ဆို
တစ်သက်မှာတစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို
မင်းကိုချစ်တဲ့ စိတ်က ဘယ်အခါမှ
မပြောင်းလဲခဲ့ပါဘူး
မင်းရဲ့အမည်နာမက ငါ့ရဲ့နေ့စဥ်သုံး
ဘာသာစကား
မမျော်လင့်ပဲသတိရတတ်သွားတာက
ငါ့ရဲ့အမူအကျင့်
နတ်ပြည်နဲ့ငရဲဘယ်အရာကိုရွေးမလဲမေးရင်
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်

ရေးသားသူ – Crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုကဗျာလေးတွေကို ဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။