တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးthayဆုံး

Local News

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDFတို့ နိုဝင်ဘာလ၉ရက် နံနက်၈နာရီခွဲအချိန်တွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ဦးthay ဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။
တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာမှ တောင်ပို့ရင်းတံတားအထိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် လမ်းတ လျှောက် တန့်ဆည်PDF၊ ရွှေဘိုခရိုင် တပ်ဖွဲ့၊ တပ်ရင်း(၆)နှင့် တပ်ရင်း(၇)ပူးပေါင်းအဖွဲ့များက စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၂နာရီခန့်ရှိခဲ့ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
“စစ်ကြောင်းထိုးတဲ့ တလျှောက်လုံး PDF တွေက လိုက်တိုက်တာပါ။ စစ်‌‌ခွေးတွေဘက်က lat nat ကြီးနဲ့ စက် thay နတ်တွေ နဲ့ အရမ်းပြန်ပစ်တာ။ အကြိတ် အနယ်ဖြစ်ခဲ့တယ်။ ခွေးတွေ အကျဆုံးများပြီး ကျနော်တို့ဘက်က တပ်ရင်း (၇)က ရဲဘော်တစ်ဦးတော့ ကျည်ရှပ်ထိ ဒဏ်ရာရခဲ့တယ်။ မစိုးရိမ်ရပါဘူး”ဟု ရှေ့တန်းရဲဘော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက နယ်မြေရဲစခန်းရှိရာ ကံထူးမစံပြရွာကို ဝင်ရောက်တပ်စွဲနေပြီး နေအိမ်များကို ဝင်ရောက်မွှေနှောက်နေကြောင်း၊ ဒဏ်ရာရ စစ်သားများ ကုသရန်အတွက် ဆေးဆိုင်များမှ ဆေးဝါးပစ္စည်း များ ခိုးယူနေ‌ကြကြောင်း ဒေသခံများထံမှ သိရသည်။
တန့်ဆည်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားသော တပ်မှာ တပ်မ၃၃လက်အောက်ခံ ခလရ ၃၆၈‌ ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ အင်ရေအိုးရွာအနီး တန့်ဆည်PDF တပ်ရင်း(၆)က ၄၀မမ lat natကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးthay ဆုံးခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။