Lobo အနေနဲ့ Jason Momoa ကိုတွေ့မြင်ရနိုင်မလား

Celebrity Local News

Lobo အနေနဲ့ Jason Momoa ကိုတွေ့မြင်ရနိုင်မလား။

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Lobo အနေနဲ့ Jason Momoa ကိုတွေ့မြင်ရနိုင်မလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


James Gunn ရဲ့ လက်တလော Lobo ပုံတင်ထားတာနဲ့ Jason Momoa ရဲ့ DC dream project တို့ဆက်စပ်မှုရှိနေမလား။ James Gunn ကဟိုတစ်လောက social media မှာ Lobo ပုံကိုတင်ခဲ့ပါတယ်။ ဘာမှတော့မပြောထားပေမဲ့ Lobo က DCU အသစ်ရဲ့ ပထမဆုံး projectဖြစ်နိုင်ပါတယ်။ ပြီးတော့ Jason တစ်ယောက်ဟာလဲ Lobo ရဲ့ fan အကြီးစားတစ်ယောက်ဖြစ်ပြီး Lobo နေရာကနေသရုပ်ဆောင်ဖို့က dream projectပါပဲလို့ပြောခဲ့ဖူးပါတယ်။
Netflix ရဲ့ Slumberland နဲ့ပတ်သက်ပြီး interview မှာ Jason ကို James Gunn ရဲ့ Lobo ပုံနဲ့ပတ်သက်ပြီးမေးခဲ့ပါတယ်။ Jason ရဲ့ reaction ကတော့အံ့သြနေတဲ့ပုံပါပဲ။ ပြီးတော့ စသလိုလိုနောက်သလိုလိုနဲ့
”မင်းတို့သိတဲ့အတိုင်းငါက comic book fan အကြီးစားတစ်ယောက်လေ။ Lobo နဲ့ ပတ်သတ်ပြီးထွက်သမျှ comic တိုင်းဝယ်ဖတ်ဖူးတယ်။ ဆိုတော့ကွာ ဒီ Lobo ပုံတင်တဲ့အကြောင်းကိုယ့်ဟာကိုယ်စုံစမ်းကြည့်ကြပေါ့” ဆိုပြီးပြောခဲ့ပါတယ်။


ဒီတော့ အကယ်၍သာ Jason Momoa သာ Lobo အနေနဲ့သရုပ်ဆောင်လာမယ်ဆိုရင်တော့ perfection ပါပဲ။
သရုပ်ဆောင်တစ်ယောက်တည်းက Cinematic Universeတစ်ခုမှ ဇာတ်ကောင်တစ်ကောင်ထက်ပိုသရုပ်ဆောင်တာဟာလည်းအဆန်းတော့မဟုတ်တော့ပါဘူး။
ဥပမာ Gamma Chan ဟာ Captain Marvel Movie တွင် Doctor Minerva Role ကိုသရုပ်ဆောင်ခဲ့ပြီး Eternal Movie မှာတော့ Sersi Role ကိုသရုပ်ဆောင်တာပဲဖြစ်ပါတယ်။
Jason Momoaဟာလည်း Aquamanအပြင် Lobo Role နဲ့ပါဝါဝင်လာမည်ဆိုလို့ကတော့ ဒါကအတော်ကောင်းမွန်တဲ့ အကြောင်းအရာပါပဲ။

ရေးသားသူ – #lloyd #ZEUS

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။