ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းစိုးနှင့်အဖွဲ့က ပြည်သူ ကိုဌေးလှိုင်ကို ဦးခေါင်းခွံပုတ်သည် အထိ ရိုက်နှက်မှု ရဲက အရေးမယူ၊ အုပ်ကြီး ဝင်းစိုးက ကိုဌေးလှိုင်မိသားစုဝင်များကို သေနတ်ပြ ထပ်မံခြိမ်းခြောက်

Local News

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းစိုးနှင့်အဖွဲ့က ပြည်သူ ကိုဌေးလှိုင်ကို ဦးခေါင်းခွံပုတ်သည် အထိ ရိုက်နှက်မှု ရဲက အရေးမယူ၊ အုပ်ကြီး ဝင်းစိုးက ကိုဌေးလှိုင်မိသားစုဝင်များကို thay နတ်ပြ ထပ်မံခြိမ်းခြောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းစိုးနှင့်အဖွဲ့က ပြည်သူ ကိုဌေးလှိုင်ကို ဦးခေါင်းခွံပုတ်သည် အထိ ရိုက်နှက်မှု ရဲက အရေးမယူ၊ အုပ်ကြီး ဝင်းစိုးက ကိုဌေးလှိုင်မိသားစုဝင်များကို thay နတ်ပြ ထပ်မံခြိမ်းခြောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီး ရပ်ကွက်တွင်ပြည်သူတစ်ဦးဖြစ်သူ ကိုဌေးလှိုင်ကို အုပ်ချုပ်ရေးမှူး ဝင်စိုးနှင့် အပေါင်းအပါဝင်များက ဦးခေါင်းခွံပုတ်သည်အထိ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြပြီး မိသားစုဝင်များကိုလည်း thay နတ်ပြ ခြိမ်းခြောက်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရွာသာကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းစိုးသည် ဆိုင်ကယ်ကယ်ရီပြင်ဆိုင်တစ်ခု Bluetooth Speaker ဆောင်းဘောက်စ်ကို သိမ်းယူခဲ့ကြောင်း၊ ယင်းဆောင်းဘောက်စ်ကို ပြန်ပေးရန် ကိုဌေးလှိုင်က လာရောက် တောင်းယူရာတွင် အုပ်ချုပ်ရေးမှူးဝင်စိုးနှင့် အပေါင်းအပါများက ကိုဌေးလှိုင်ကို ဖမ်းဆီးကာ သတိလစ် မေ့မြောသည်အထိ ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ကိုဌေးလှိုင်သည် ရိုက်နှက်မှုကြောင့် သတိလစ်သွားစဥ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရုံးအတွင်းထဲသို့ ထပ်မံ ဆွဲခေါ်ခဲ့ကြောင်း၊ လက်နှင့် ခြေတောက်များကို ချုပ်ကာ ဦးခေါင်းခွံပုတ်သည်အထိ ထပ်မံ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် မိသားစုဝင်များကို ရပ်ကွက်ရုံးသို့ ခေါ်ယူပြီး ကိုဌေးလှိုင်ကို thet ပစ်၍ ရသည်ဟု thay နတ်ပြကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
” အရှေ့ဒဂုံ ရွာသာကြီးရပ်ကွက် အုပ်ကြီး ဝင်းစိုးက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကိုဌေးလှိုင်ကို ဝိုင်းဝန်း ရိုက်ခဲ့တယ်။ ကိုဌေးလှိုင်းက ဘေးတွဲဆိုင်ကယ် သွားပြင်တုန်း ဆိုင်ကယ်ပြင်ဆိုင်က Bluetooth Speaker ကို အုပ်ကြီးတို့က သိမ်းသွားလို့ ကိုဌေးလှိုင်က သူ့ သူငယ်ချင်းအတွက် ပြန်သွားတောင်းတာ၊ အဲဒါ အုပ်ကြီးက ပြန်မပေးဘူးလို့ ပြောပြီးဝိုင်းရိုက်တာ။ ဝိုင်းရိုက်လို့ တောင်းပန်ပေမယ့် ရုံးထဲခေါ်ပြီး ထိပ်တုံးခတ်ပြီး ထပ်ရိုက်တယ်။ ဦးနှောက်သွေးခဲပြီး အရေပေါ် ကုသခဲ့ရပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။


ကိုဌေးလှိုင်သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခေါင်းကိုက်ပြီး သတိလစ်သွားကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြောက်ဥက္ကလာ ဆေးရုံသို့ တင်ဆောင်ခဲ့ရပြီး ဦးနှောက်သွေးခွဲကာ ဦးခေါင်းခွံပုတ်သွားသည့်အတွက် အရေးပေါ် ခွဲစိတ် ထုတ်ပစ်လိုက်ရကြောင်း၊ အဆိုပါ ရိုက်နှက်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး ရဲစခန်းတွင် သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သော်လည်းရဲက အမှု ဖွင့်လှစ်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။
“စခန်းမှာ အမှုဖွင့်ထားတယ်လို့တော့ ကြားတယ်။စက်တင်ဘာ ၂၇ ရက်နေ့မှာ ခေါင်းကိုက်တယ် ဆိုပြီး သတိလစ်သွားလို့ ၂၈ရက်နေ့မှာမြောက်ဥက္ကလာ ဆေးရုံတင်ပြီး ကုသခဲ့ရတယ်။ ဆေးရုံ တက်ရတာ ၂၆ ရက်လောက် ကြာတယ်။ ဦးခေါင်းခွံလည်းပုတ်သွားလို့ ထုတ်ပစ် လိုက်ရတယ်လို့ ကြားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိအချိန်တွင် ကိုဌေးလှိုင်သည် ဆေးဝါးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပြီး သူ့ကို ရိုက်နှက်ခဲ့သော အုပ်ချုပ်ရေးမှူး ဝင်စိုးနှင့်အပေါင်းအပါများမှာလည်း အရေးယူခြင်းမခံရသေးကြောင်း သိရှိရသည်။


ဓာတ်ပုံ- အုပ်ကြီးဝင်းစိုးနှင့်အဖွဲ့ ၀ိုင်းရိုက်ခဲ့သဖြင့် ဦးနှောက်သွေးခဲ၍ အရေးပေါ် ခွဲစိတ်ခဲ့ရသော ကိုဌေးလှိုင်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး