စာရေးဆရာအကြည်တော် နောက်ဆုံးခရီး ရေဝေးမှာ မနက်ဖြန် ပြုလုပ်မယ်

Celebrity Local News

စာရေးဆရာအကြည်တော် နောက်ဆုံးခရီး ရေဝေးမှာ မနက်ဖြန် ပြုလုပ်မယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာရေးဆရာအကြည်တော် နောက်ဆုံးခရီး ရေဝေးမှာ မနက်ဖြန် ပြုလုပ်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မနေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာအကြည်တော်ရဲ့နာရေး နောက်ဆုံးခရီးကို မနက်ဖြန် နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုထံက သိရပါတယ်။
ဆရာအကြည်တော်ရဲ့နောက်ဆုံးခရီးကို ရေဝေးသုသာန်မှာ ပြုလုပ်မှာဖြစ်ပြီး မနက်ဖြန် မွန်းလွဲ ၂ နာရီမှာ နေအိမ်က ကားတွေ ထွက်ခွာမှာဖြစ်တယ်လို့ ကြေညာထားတာလည်းတွေ့ရပါတယ်။
ဆရာအကြည်တော်ကို ဂူသွင်းသင်္ဂြိုလ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆရာအကြည်တော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး အစာရေမျိုပြွန် ကင်ဆာနဲ့မကွယ်လွန်မီမှာ ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်ကို ပြန်လည်ရောက်ရှိတဲ့အခါ ကျန်းမာရေး ရုတ်တရက် ဆိုးရွားလာပြီးနှလုံးရပ်သွားခဲ့လို့ ပင်လုံဆေးရုံမှာ အောက်တိုဘာလလယ်က တက်ရောက်ကုသမှုခံယူခဲ့ရတာပါ။
ကြားမှာ ပြန်လည်ကျန်းမာသက်သာလာပြီး သတိလည်း ကောင်းကောင်းပြန်ရခဲ့လို့ ပရိသတ်တွေ ဝမ်းသာပျော်ရွှင်ခဲ့ကြရပါသေးတယ်။
စာရေးဆရာအကြည်တော်ကွယ်လွန်ခြင်းအတွက် စာပေဂီတနဲ့ ပန်းချီအနုပညာအသိုင်းအဝိုင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက နှမြောတသဝမ်းနည်းကြောင်းလည်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

ဓာတ်ပုံ-ကိုဆန်းဖေ့စ်ဘွတ်

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။