လှိုင်သာယာစက်မှုဇုန်မှာ မီးလောင်မှုဖြစ်

Local News

လှိုင်သာယာစက်မှုဇုန်မှာ မီးလောင်မှုဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လှိုင်သာယာစက်မှုဇုန်မှာ မီးလောင်မှုဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်၊ ဦးထွန်းညိုလမ်းမှာရှိတဲ့ စက်ရုံတစ်ရုံမှာ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မနက် ၁၁ နာရီကျော်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့မြင်ကွင်းတွေကိုတွေ့မြင်ရတာပါ။
မီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး မွန်းတည့် ၁၂ နာရီထိုးခါနီးမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ပျက်စီးဆုံးရှုံးမှုနဲ့ မီးစတင်လောင်ကျွမ်းမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


ဓာတ်ပုံ-Screen Grab/Myanmar fire service department

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။