ရန်ကုန်တိုင်း မြို့နယ်များတွင် ဗုံးကွဲမှုများနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်၊ သာကေတတွင် ဗုံးတွေ့ရှိ၍ မြို့ကို ပိတ်ဆို့စစ်ဆေး၊ အင်းစိန်ထောင်ဝန်ထမ်းအိမ်ရာနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

Local News

ရန်ကုန်တိုင်း မြို့နယ်များတွင် ဗုံးကွဲမှုများနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်၊ သာကေတတွင် ဗုံးတွေ့ရှိ၍ မြို့ကို ပိတ်ဆို့စစ်ဆေး၊ အင်းစိန်ထောင်ဝန်ထမ်းအိမ်ရာနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်တိုင်း မြို့နယ်များတွင် ဗုံးကွဲမှုများနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်၊ သာကေတတွင် ဗုံးတွေ့ရှိ၍ မြို့ကို ပိတ်ဆို့စစ်ဆေး၊ အင်းစိန်ထောင်ဝန်ထမ်းအိမ်ရာနှင့် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်း မြို့နယ်များတွင် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ ဗုံးကွဲမှုများနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိပြီး ယနေ့ သာကေတတွင် ဗုံးတွေ့ရှိ၍ မြို့ကို စစ်တပ်က ပိတ်ဆို့စစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် သာကေတမြိုနယ်၊ စက် မှု လက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာအိမ်ရာရှေ့တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိ၍ စစ်တပ်က သာကေမြို့ အဝင်အထွက်များကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် လက်လုပ်ဗုံးကို လမ်းများပိတ်၍ ဖောက်ခွဲခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။
“ဗုံးတွေ့ပြီးတော့ မြို့အဝင်အထွက်တွေ လမ်းကို ဂိတ်ချပြီး ပိတ်ဆို့စစ်ဆေးတယ်။ ဗုံးတွေ့တာက နည်းနည်း လက်နက် တကားကားနဲ့ လူတွေကို ရန်သူလို ဆက်ဆံ လိုက်ကြည့်နေတာ များများဖြစ်နေတယ်။ သူတို့တည့်တည့် ဗုံးပေါက်စေချင်တာ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။
အလား နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်း အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် အင်းစိန်ထောင်ဝန်ထမ်းရာကိုလည်းကောင်း၊ ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးကိုလည်းကောင်း YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၀၀ နာရီ ၂ မိနစ်အချိန် မြောက်ဒဂုံတွင်လည်း ကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၀၀ နာရီ ၂၄ မိနစ်အချိန် မင်္ဂလာဒုံမြို့ နယ် ၁၀၆ တပ်ရင်းအနီးတွင်လည်းကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း၊ နိုဝင် ဘာလ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် မင်္ဂလာဒုံ/ထောက်ကြန့် မြို့ နယ်၊ ရွာမရပ်ကွက်ထဲတွင် ပစ်ခတ်သံ ၁၀ ချက်ခန့် ကြားရကြောင်း၊ စစ်တပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ဓာတ်ပုံ- ရန်ကုန်တွင် ပိတ်ဆို့စစ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။