ပန်းဘဲတန်းမြို့နယ် ရွေးကောက်ပွဲအနိုင်ရ​NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်အိမ်ကို စစ်ကောင်စီချိပ်ပိတ်

Local News

ပန်းဘဲတန်းမြို့နယ် ရွေးကောက်ပွဲအနိုင်ရ​NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်အိမ်ကို စစ်ကောင်စီချိပ်ပိတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပန်းဘဲတန်းမြို့နယ် ရွေးကောက်ပွဲအနိုင်ရ​NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်အိမ်ကို စစ်ကောင်စီချိပ်ပိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဦးစည်သူမောင်ရဲ့ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ရှမ်းစု ၁ လမ်းမှာရှိတဲ့ နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်မှာချိပ်ပိတ်သွားပါတယ်။
ဒီသတင်းကို ကြားသိရကြောင်းနဲ့ နေအိမ်မှာ မည်သူမျှ နေထိုင်နေတာမရှိကြောင်း၊ မိဘတွေကလည်း ဘေးကင်းရာမှာရှိကြောင်း ဦးစည်သူမောင်က ဘီဘီစီကိုပြောပါတယ်။


အဲဒီနေအိမ်ဟာ မိဘတွေပိုင်ဆိုင်တဲ့နေအိမ်ဖြစ်ပြီး သူ့နာမည်အမည်ပေါက်ပိုင်ဆိုင်တာလည်းမဟုတ်ကြောင်း၊ အဲဒီအိမ်နဲ့ ပတ်သက်မှုပိုင်ဆိုင်မှုလည်းမရှိကြောင်း၊ ချိပ်ပိတ်ပြီးနောက်တစ်ရက်မှာပဲ နေအိမ်မှာရှိတဲ့ စက်ဘီး ၂ စီးနဲ့ ရေမော်တာတစ်လုံး အဲကွန်းတစ်လုံး ဖြုတ်ခိုးခံရကြောင်းနဲ့ နဲ့ ဒါကို လှိုင်မြို့နယ်ရဲစခန်းက တာဝန်ယူရမယ်လို့လည်း ဦးစည်သူမောင်က ဆိုပါတယ်။


အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း NLD ပါတီဝင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပိုင်ဆိုင်မှုနဲ့နေအိမ်တွေကိုချိပ်ပိတ်တာ နှစ်နှစ်နီးပါးအတွင်း အိမ်အလုံး ၃၀၀ နီးပါးရှိနေပြီလို့ NLD ဗဟိုအလုပ်ကော်မတီရဲ့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။