ရွှေပြည်သာ ၂၆ ရပ်ကွက်တွင် အများပြည်သူသုံး ရေကန်မြေနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဗျူ ဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ် ပူးပေါင်း၍ သိန်း ၆၀၀၀ နှင့် ရောင်းစား

Local News

ရွှေပြည်သာ ၂၆ ရပ်ကွက်တွင် အများပြည်သူသုံး ရေကန်မြေနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဗျူ ဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ် ပူးပေါင်း၍ သိန်း ၆၀၀၀ နှင့် ရောင်းစား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွှေပြည်သာ ၂၆ ရပ်ကွက်တွင် အများပြည်သူသုံး ရေကန်မြေနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဗျူ ဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ် ပူးပေါင်း၍ သိန်း ၆၀၀၀ နှင့် ရောင်းစား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရန်ကုန် ရွှေပြည်သာမြိုနယ် ၂၆ ရပ်ကွက်ရှိ အများပြည်သူံးရေကန်မြေနေရာကို မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်တို့ပူးပေါင်း၍ သိန်း ၆၀၀၀ ဖြင့် ရောင်းစားလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်၊ ရွှေပြည်သာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြည့်ဝင်းသူတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ဘိုး စဉ်ဘောင်ဆက် သုံးစွဲလာသည့် ရေကန်မြေနေရာကို ခြံဝင်းခတ်၍ သိန်း ၆၀၀၀ နှင့် ရောင်းစားခဲ့ကြောင်း၊ပြည်သူပိုင်မြေ ပေါ်မှ အိမ် ၄ လုံးကိုလည်း စစ်ကောင်စီဝင်နှင့် လူမိုက်များနှင့် ပေါင်း၍ နိုဝင်ဘာ ၉ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရှိရသည်။
“၅ ဧကရှိတဲ့ ရေကန်ကို သိန်း ၆၀၀၀ နဲ့ ရောင်းစားပါတယ်။ ရွာသားတွေက မကျေနပ်ဘူးပြောရင် ဖမ်းတယ်။ နောက် ပြီးတော့ တောင်သူတွေက သူတို့ပိုင်တဲ့ လယ်မြေပေါ်မှာ အိမ်ကလေးတွေ ဆောက်ပြီးနေလာတာ ၁၅ နှစ်ရှိပါပြီ။ အဲဒါကို မတရားအနိုင်ကျင့်ပြီး စစ်တပ်နဲ့ပေါင်းပြီး မနေ့က အိမ် ၄ လုံးကို သူ့ရဲ့ လူမိုက်တွေနဲ့ ဖျက်ပါတယ်။ လမ်းတွေ ပိတ်ပြီး ဘယ်သူမှ မဝင်နိုင်အောင် စစ်တပ်က အယောက် ၃၀ လောက်ခေါ်ပြီး ဖျက်ပါတယ် ခင်ဗျာ။ ကျူးကျော်လို့ ခေါင်း စဉ်တပ်ပြီး သူတို့တွေပေါင်းစားကြတယ်။ အဓိက အုပ်ကြီးက လုပ်တာ။ ၈ တန်းမအောင်တဲ့ အုပ်ကြီးခိုင်းရင် ကျန်တဲ့ စစ်အရာရှိတွေက သူ့နောက်မှာ နေရာအသင့်ပါ။ စာတွေကိုလည်း အတုတွေ လုပ်ပြီး ခြိမ်းခြောက်ပြီး ဖျက်ခိုင်းနေပါတယ်။ အာဏာမသိမ်းခင်က အုပ်ကြီးဆိုတဲ့ကောင် နေစရာအိမ်တောင် မရှိပါဘူး။ ရပ်ကွက် အများပြည်သူသုံး ရေကန်ကို စစ်တပ်နဲ့ပေါင်းပြီး ရောင်းစားပြီးကတည်းက သိန်းကို ထောင်နဲ့ချီပြီးချမ်းသာနေတာပါ ခင်ဗျာ” ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ရွှေပြည်သာ ၂၆ ရပ်ကွက်အတွင်းရှိ မြေနေရာများသည် လယ်မြေများဖြစ်ပြီး လယ်သမားများ၏ လယ်မြေပိုင်ဆိုင်မှု များကို အနိုင်ကျင့်ဖယ်ရှားကာ ရောင်းစားရန် ဆက်လက်ကြံစည်နေကြကြောင်း၊ ရပ်ကွက်ထဲရှိ မြေနေရာလွတ်များကိုလည်း စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း ရောင်းစားနေကြကြောင်း၊ ထိုသို့ မြေကွက်များကို ရောင်းစားမှုများသည် မြို့နယ်အတွင်းတွင်အပြီးအစီးလုပ်ထားပြီး ခရိုင်/တိုင်း အဆင့်များအထိ သတင်းအရောက်မခံကြောင်း ၊ ပြည်သူများကို မတရားလုပ်၍ သိန်းပေါင်း သောင်းချီ ချမ်းသာနေကြခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“မနေ့က(နိုဝင်ဘာ ၉ ရက်နေ့) စာမပို့ဘဲ ဖျက်တာ အိမ် ၄ လုံးပါ ခင်ဗျာ။ နောက်အိမ် ၇ လုံးကို စာပို့တာက မနေ့ကပါ။ စာက ခရိုင်လည်း မပါဘူး တိုင်းလည်း မပါဘူး ။ စစ်တပ်ကို ပိုင်တယ်ဆိုပြီး အုပ်ကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးက ရွာသားတွေကို အနိုင်ကျင့်နေတာပါ။ သူတို့က lat nat တွေနဲ့ လူအင်အားနဲ့လာတပါ။ သူတို့ဖျက်နေတဲ့ အချိန် ဟိုဘက်လမ်းထိပ် ဒီဘက်လမ်းထိပ်တွေကို ပိတ်ပြီး သူရဲ့ လူမိုက်တွေကို ဖျက်ခိုင်းတာပါ” ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။


ဓာတ်ပုံ- ရွှေပြည်သာ ၂၆ ရပ်ကွက်အတွင်းရှိ လယ်မြေအမည်ပေါက် မြေနေရာတချို့။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။