ဘန်ကောက်၊ဘန်းဘောမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးအthet ခံထားရ

Local News

ဘန်ကောက်၊ဘန်းဘောမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးအthet ခံထားရ   မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေမယ့် သတင်းလေးကတော့ ဘန်ကောက်၊ဘန်းဘောမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးအthet ခံထားရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ အေကချိုင် ဘန်းဘောမှာ မနေ့နိုဝင်ဘာ၁၀ရက်က အthet ခံထားရတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိရတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ မမေနဒီကပြောပါတယ်။

အလောင်းကိုတွေ့ရှိချိန်မှာ ပုပ်ပွနေတဲ့အနေအထားရှိနေတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက အthet ခံရတဲ့ အခြေအနေလို့ ထိုင်းရဲတပ်ဖွဲ့က ကနဦးကောက်ချက်ချထားပါတယ်။ ထိုင်းနိုင်ငံမှာ လွယ်ကထုံကျင်းပတဲ့ နိုဝင်ဘာ၈ရက်နေ့က အထိ သေဆုံးသူအမျိုးသမီးဟာ အပြင်ထွက်ခွာတာရှိခဲ့ပြီး လွယ်ကထုံပွဲကနေပြန်လာပြီးကတည်းက အပြင်ထွက်တာမတွေ့ရတော့တာလို့ နီးစပ်သူတွေကပြောပါတယ်။

လက်ရှိမှာ အမျိုးသမီးငယ်ရဲ့ ရည်းစားဖြစ်သူကို သံသယ တရားခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ” ဝတ်လစ်စလစ်နဲ့လည်လိမ်ပြီးthay နေတဲ့ပုံစံပါ။ မနေ့ကပဲ အလောင်းကိုရင်ခွဲစစ်ဆေးဖို့ စီလီလဆေးရုံကိုပို့လိုက်ပါပြီ။ ဆေးစစ်ချက်အဖြေထွက်တာနဲ့ နာရေးအတွက် ကျွန်မတို့လုပ်ပေးပါမယ်။ နောက် သူ့ဆွေမျိုးတွေကို ဆက်သွယ်တာတွေလုပ်ပေးပါမယ်။ ရဲစခန်းကိစ္စတွေဆက်လုပ်ပေးမှာပါ” လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ မမေနဒီကရှင်းပြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့ကလို့သာအကြမ်းဖျင်းသိထားရတဲ့ သေဆုံးသူအမျိုးသမီးငယ်ဟာအသက် ၂၅နှစ်အရွယ် လို့ ခန့်မှန်းထား စက်ရုံ အလုပ်သမားတဦးဖြစ်ကာ လူမျိုးတွေနေထိုင်ကြတဲ့အဆောင်တန်းလျားမှာ တစ်ဦးတည်းနေထိုင်သူလို့ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။