ပဲခူးတိုင်း စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးthayဆုံး၊ lat nat နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟု KNU တရားဝင် ထုတ်ပြန်

Local News

ပဲခူးတိုင်း စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးthayဆုံး၊ lat nat နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟု KNU တရားဝင် ထုတ်ပြန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲခူးတိုင်း စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီးစစ်ကောင်စီဘက်မှ ၁၁ ဦးthayဆုံး၊ lat nat နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟု KNU တရားဝင် ထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးအကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးthay ဆုံး၊ lat nat နှင့်ခဲယမ်းကျည်အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNU က သတင်းထုတ်ပြန်သည်။


နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြားရှိ စစ်ကောင်စီ၏ သံဆိပ်စခန်း၊ ဘောကထာ နှင့် တုံးတံတာစခန်းတို့ကို တစ်ပြိုင်နက်တည်း တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်တပ်စခန်း ၃ ခုကို စတင် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNU က ဆိုသည်။
စစ်တပ်၏ သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ မြေပြင်တက်ဖွဲ့ များက တိုက်ခိုက်ချေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမှု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှ တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။


စစ်တပ် စခန်း ၃ ခုကို တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ (၁၁) ဦးthay ဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်ကြောင်း၊ lat nat သိမ်းဆည်းရရှိမှု အနေဖြင့် MA thayနတ် ၈လက်၊ ကျည်ဆံ ၃၀၇၀ တောင့်၊ 9mm ၂ လက်၊ 81 mm ၁ လက်၊ 81mm ကျည် ၆၈ လုံး၊ 60mm အရှည် ၁ လက်၊ 60mm အတို ၄ လက်၊ 60mm ကျည် ၁၁၃ လုံး၊ RPG-7 ၁ လက်၊ RPG-7 ကျည် ၇၇ လုံး၊ လက်ပစ်ဗုံး ၂၈ လုံး၊ Short Gun ၁ လက်၊ Short Gun ကျည် ၈၈ တောင့်၊ M14 ခြေနင်းမိုင်း ၁၀ လုံး၊ တိုက်မိုင်း ၁၀ လုံး၊ ကျည်ဘောက် ၂၇ ခုနှင့် မိုင်းရှာစက် ၁ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။


စစ်တပ် စခန်းများအား ရှင်းလင်းစဉ်အချိန်အတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် (၂၀) ခန့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကြောင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်သဖြင့် ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU က ပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။